၂၂ ယောက်မြောက် COVID-19 လူနာ တွေ့

0
315

ယနေ့ ဓာတ်ခွဲခန်းအဖြေအရ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အသက် ၅၁ နှစ်ရှိ အမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါ ပိုးတွေ့ရှိပြီး၊ လက်ရှိတွင် မြန်မာနိုင်ငံတွင်း ရောဂါပိုးတွေ့ရှိသူ ၂၂ ဦး ရှိပြီဖြစ်သည်။

ယင်းလူနာသည် အတည်ပြုလူနာ (Case-021)နှင့် အတူ မတ်လ ၂၄ ရက်က အမေရိကန် မှ ကိုရီးယားသို့ လေကြောင်းဖြင့်ထွက်ခွာခဲ့ပြီး၊ ကိုရီးယား မှတဆင့် ထိုင်းနိုင်ငံသို့ မတ်လ ၂၅ ရက် ညနေပိုင်းတွင် ရောက်ရှိသည်။

မတ်လ ၂၆ ရက် တွင် ထိုင်းနိုင်ငံမှတဆင့် ရန်ကုန်သို့ ရောက်ရှိလာရာ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ထားရှိစဉ် ဓာတ်ခွဲအတည်ပြုလူနာ (Case-021)နှင့် အတူ တစ်ခန်းထဲတွင် နေထိုင်ခဲ့ပြီး၊ ထိုမှတဆင့် ဝေဘာဂီဆေးရုံသို့ လွှဲပြောင်း၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ယင်းလူနာ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေကြောင်း သိရသည်။

လက်ရှိတွင် ယမန်နေ့ည ၆ နာရီ နှင့် ယနေ့ ည ၆ နာရီအကြားစာရင်းများအရ စောင့်ကြည့်လူနာ ၃၁ ဦး ရှိနေကြောင်းလည်း ထုတ်ပြန်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here