မြောက်ကိုရီးယားနိုင်ငံတွင် ဖြစ် ပွားနေသော လူ့အခွင့်အရေးချိုးဖောက် မှုများ

0
306

မြောက်ကိုရီးယားနိုင်ငံတွင် ဖြစ် ပွားနေသော လူ့အခွင့်အရေးချိုးဖောက် မှုများကို ရှုတ်ချသည့် ပူးတွဲဆုံးဖြတ် ချက်တစ်ခုကို ကုလသမဂ္ဂသို့ နှစ်ပေါင်း များစွာအတွင်း ပထမဆုံးအကြိမ် တင်သွင်းသွားမည် မဟုတ်ကြောင်း ဂျပန်နိုင်ငံက ဆုံးဖြတ်လိုက်သည်။

ယခုကဲ့သို့ ဆုံးဖြတ်ခြင်းသည် အမေရိကန် နှင့် မြောက်ကိုရီးယားနိုင်ငံတို့ ပြုလုပ် နေသော နျူကလီးယားလက်နက် အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးမှုများ နှင့် အခြားအကြောင်းအရာများ ကြောင့်ဖြစ်ကြောင်း ဂျပန်နိုင်ငံကပြော သည်။

ဂျပန်နှင့် ဥရောပသမဂ္ဂ အဖွဲ့ ကြီးသည် မြောက်ကိုရီးယားနိုင်ငံတွင် ဖြစ်ပွားနေသောလူ့အခွင့်အရေး ချိုး ဖောက်မှုများကို ရှုတ်ချရေး ကုလသမဂ္ဂ တွင် နှစ်စဉ်နှစ်တိုင်း အဆို တင်သွင်း နေသည်မှာ ၂၀ဝ၈ ခုနှစ်ကတည်းက ဖြစ်သည်။ မြောက်ကိုရီးယား ဘက်က လည်း လူ့အခွင့်အရေး ချိုးဖောက်သည် ဆိုသည့် စွပ်စွဲချက်များကို ထပ်ချည်း တလဲလဲ ငြင်းဆိုသည်။

ယခုကဲ့သို့ဆုံးဖြတ်လိုက်ခြင်းမှာ အကြောင်းခြင်းရာ များစွာကြောင့်ဖြစ် သော်လည်း အထူးသဖြင့် အမေရိ ကန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့ ထိပ်သီးဆွေးနွေးမှုရလာဒ်နှင့် ပြန်ပေး ဆွဲခံ ဂျပန်နိုင်ငံသားတို့အရေးများ ကြောင့်ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ယိုရှိဟိဒဲဆုဂကပြောသည်။

အမေရိကန်ဘက်က မြောက် ကိုရီးယားကို နျူကလီးယား ဖျက်သိမ်း ရေးတောင်းဆိုခြင်း အပြန်အလှန် အလှန်နေဖြင့် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို အမေရိကန်က ပြန်လည်ရုတ်သိမ်း ခြင်းစသော တောင်းဆိုချက်များအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အွန်းတို့သည် ပြီးခဲ့သည့်လက ဗိယက် နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ဒုတိယအကြိမ် မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ သို့သော်လည်း ဗီယက်နမ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုသည် သဘောတူညီ ချက်တစ်စုံတစ်ရာ မရရှိခဲ့ပေ။

တစ်ချိန်တည်းတွင်ပင် အမေရိ ကန်၏ မဟာမိတ် ဂျပန်နိုင်ငံသည် အမေရိကန်၏ အာရှတွင်ထားရှိသော ကတိကဝတ်များ မပျက်ပြားစေရန် အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို နီးနီး ကပ်ကပ်စောင့်ကြည့်နေသည်။ ထို့ပြင် အမေရိကန်နှင့် မြောက် ကိုရီးယားတို့၏ ဆွေးနွေးပွဲတွင် နျူ ကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်အရေး များကိုသာ အလေး ထားဆွေးနွေးပြီး မြောက်ကိုရီးယား၏ပြန်ပေးဆွဲခြင်း ခံခဲ့ရသည့် ဂျပန်နိုင်ငံသားများအရေး ဆွေးနွေးပွဲတွင် အနောက်ရောက် နေမည်ကို ဂျပန်နိုင်ငံက စိုးရိမ်နေသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနှင့် တွေ့ဆုံချိန်အတွင်း အဆိုပါအရေးကို ပြောပြခဲ့သည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲကပြော သည်။ ဂျပန်နိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပုံမှန်အတိုင်း ပြန်လည်ထူထောင်ရန် လိုလားသော်လည်း ပြန်ပေးဆွဲခံ ဂျပန် နိုင်ငံသားများအရေးကို အရင်ဆုံးဖြေ ရှင်းမှရမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲက ပြောထားသည်။

ဂျပန်နိုင်ငံသား ၁၃ ဦးကို ထောက် လှမ်းရေးအဖြစ် သင်ကြားပေးရန် ၁၉၇၀ ပြည့်နှစ်များနှင့် ၈၀ ပြည့်နှစ် များတွင် ပြန်ပေးဆွဲခဲ့ကြောင်းကို မြောက်ကိုရီးယားက ၂၀ဝ၂ ခုနှစ် တုန်းက ဝန်ခံထားသည်။ ထို ၁၃ ဦးထဲမှ ၅ ဦးသည်နေရပ်ပြန်လာ နိုင်ခဲ့ ကြသော်လည်း အမှန်တကယ် ပြန်ပေး ဆွဲခံရသူအရေအတွက်သည် ရာဂဏန်း အထိရှိနိုင်ကြောင်း ဂျပန်နိုင်ငံကယူဆ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here