COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
962

• ရောဂါ ကူးစက်ခံရသူ – ၁,၇၉၄ , ၈၁၉ ဦး
• သေဆုံးသူ – ၁၀၉ , ၉၃၃ ဦး
• ပြန်လည်ကျန်းမာလာသူ- ၄၁၁ , ၈၁၉ ဦး

◾တောင်ကိုရီးယားနိုင်ငံဟာ ကိုဗစ်တိုက်ဖျက်ရေး၊ ကာကွယ်ဆေး၊ ကုသဆေး ရှာဖွေရေးအတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့လိုက်ပါတယ်။ ကူးစက်ခံရသူ ၁၀ ၅၁၂ ယောက်နဲ့ သေဆုံးသူ ၂၁၄ ယောက်ရှိပေမယ့် တစ်ရက် ကူးစက်နှုန်းဟာ ၁၀၀ အောက်ကျသွားသလို၊ ပျောက်ကင်းနှုန်းဟာ ၇၀ % ရှိလို့ ကမ္ဘာမှာ ပျောက်ကင်းမှုစာရင်းမှာ ထိပ်ဆုံး ရောက်သွားပါတယ်လို့ koreabiomed ဆေးပညာသတင်းမှာ ရေးသား ထားပါတယ်။

◾Covid-19 ရောဂါ ပျောက်ကင်းတဲ့ ဆေးမြီးတို( ဆေးအတု) တွေဖြစ်တဲ့ နွားသေးသောက်တာလို အရပ်ထဲက ပြောစကားတွေကြောင့် အသက်သေဆုံးနိုင်ကြောင်း thehindubusinessline မှာ ရေးသားထားပါတယ်။

◾ဂါနာနိုင်ငံမှာ ပြည်သူကို Covid-19 ရောဂါနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်များ ဖြန့်ဝေဖို့ လေ့ကျင့်ထားတဲ့ ဆရာဝန် အယောက် ၇၀ ကို ခန့် ထားလိုက်တယ်လို့ graphic.com.gh မှာ ရေးသားထားပါတယ်။

◾အစ္စရေးနိုင်ငံမှာ Covid-19 ရောဂါနဲ့ သေဆုံးသူ ၁၀၃ ယောက်ရှိပြီး ၊ ၄ ပုံ ၃ ပုံဟာ အသက် ၇၀ နှင့် အထက်တွေ ဖြစ်ပါတယ်။ အသက် ၃၀ အောက်မှာ သေဆုံးမှုမရှိသေးဘဲ ၁၇၄ ယောက်ကို အထူးကြပ်မတ်ကုသနေရကြောင်း၊ ဆေးရုံတက်လာသူ ၁၀ ၇၈၂ ယောက်ထဲမှာ ၁၃၈၈ ယောက်ဟာ ကျန်းမာပျောက်ကင်းသွားကြောင်း globes.co.il မှာရေးသားထားပါတယ်။

◾သြစတေးလျနိုင်ငံက ဆေးရုံ နှစ်ခုဟာ Covid-19 ရောဂါ ကူးစက်မှုများတဲ့ နေရာ(hotspot ) တွေဖြစ်တယ် လို့ ယူဆပြီး ပိတ်လိုက်ရတယ်လို့ BBC သတင်းမှာ ရေးသားထားပါတယ်။

◾Covid-19 ရောဂါပိုးဟာ SAR ရောဂါထက် ၃ ဆ ခန့် ပွားလွယ်ကြောင်း ဟောင်ကောင်က သိပ္ပံပညာရှင်တွေရဲ့ ပြောစကားကို south china morning post မှာ ရေးသားထားပါတယ်။

◾HIV ပိုးလိုပဲ Covid-19 ရောဂါပိုးဟာ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်တာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက သတိပေးလာပါတယ်လို့ south china morning post မှာ ရေးသားထားပါတယ်။

◾အမေရိကန်နိုင်ငံဟာ Covid-19 ရောဂါကူးစက်ခံရသူ ၅၃၃ ၁၁၅ ယောက်နဲ့ ကမ္ဘာမှာ ပထမဆုံး စံချိန်တင်ကူးစက်ခံရတဲ့ နိုင်ငံဖြစ်သလို၊ သေဆုံး သူကလည်း ၂၀ ၅၈၀ ယောက်ရှိလို့ ကမ္ဘာမှာ အများဆုံးဖြစ်နေပါတယ်။ တစ်ရက် အတွင်းသေဆုံးမှုလည်း ၂၀၀၀ ကျော်သွားခဲ့တယ်လို့ BBC သတင်းမှာ ရေးသားထားပါတယ်။

Ref: worldometers.info and world news

LEAVE A REPLY

Please enter your comment!
Please enter your name here