ပါတီကိုမကြည့် လူကိုကြည့်ရတော့မည့် စည်ပင်ရွေးကောက်ပွဲ
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်တော့ စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးသည် လူကိုမကြည့်ဘဲ ပါတီကိုကြည့်ကာ မဲပေးခဲ့ကြသောကြောင့် တိုင်းရင်းသားပါတီများပင် နေရာမရခဲ့ပေ။ ထို့ကြောင့် ပြည်သူက ရွေးချယ်သောအစိုးရသည် ပါတီအရောင်အသွေး မကွဲပြားတော့ဘဲ ပါတီတူလွှတ်တော်နှင့် ပါတီတူအစိုးရတို့သာ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ အားသာချက်အနေဖြင့် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုမြန်ဆန်လာမည်ဖြစ်သကဲ့သို့ အားနည်းချက်အနေဖြင့်...
နိုင်သူက သဘောထားကြီးဖို့လိုသည်
ရှေးခေတ်က အေသင်၊ စပါတာ စသော ရောမမြို့ပြနိုင်ငံများတွင် ဂလက်ဒီယေတာဟုခေါ်သော ကျွန်များမွေးကာ လူလူချင်း တိုက်ခိုက်သတ်ဖြတ်ရသည့် ကစားပွဲများ ခေတ်စားခဲ့သည်။ အဆိုပါကစားပွဲများတွင် ထူးခြားသော ဓလေ့ရှိသည်။ အောင်နိုင်သူအနေဖြင့် ဆက်မတိုက်နိုင်တော့လောက်အောင် ရှုံးနိမ့်လဲကျသွားသူကို ကြိုက်သလို စီရင်ခွင့်ရှိသော ဓလေ့ဖြစ်သည်။ အများစုသော ဂလက်ဒီယေတာများကတော့...
ရွေးကောက်ပွဲအောင်မြင်ရေးသာ အဓိက
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက်ပိုင်း တတိယမြောက်ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ရက်အနည်းငယ်သာ လိုတော့သည်။ ယခုရွေးကောက်ပွဲသည် တတိယမြောက်ဟု ဆိုရမည်ဖြစ်သော်လည်း ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ ကျင်းပသော ဒုတိယမြောက် ရွေးကောက်ပွဲဟုပြောရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က အားလုံးပါဝင်ခွင့်မရသလို ပွင့်လင်းမြင်သာမှုလည်း မရှိခဲ့သောကြောင့်ဟုအကြောင်းပြနိုင်သည်။
မီဒီယာနှင့် နီးဖို့လိုသည်
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီတွင် ဖြစ်သည်။ လူငယ်အဖွဲ့အစည်းတစ်ခုသည် ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဖိတ်ကြား၍ ယင်းတို့သက်ဆိုင်ရာပါတီအလိုက် မူဝါဒများ ပြောကြားခြင်း ပြည်သူလူထုက သိလိုသည်များကို မေးမြန်းခြင်း စသည်အားဖြင့် ပြည်သူနှင့် ချိတ်ဆက်ပေးသော အစီအစဉ်တစ်ရပ်ကို မုံရွာမြို့ မြစန္ဒာခန်းမတွင် ကျင်းပခဲ့သည်။
ကိုဗစ်မဲဆွယ်ပွဲများနှင့် ဒေသန္တရအမိန့်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကိုဗစ်နိုင်တင်းကြောင့် ရွေးကောက်ပွဲရက်ရွှေ့မည်မဟုတ်ဟု ကြေညာလိုက်သည်။ ရွေးကောက်ပွဲရက်မရွှေ့သဖြင့် ပါတီစုံမဲဆွယ်မှုများမှာ အရှိန်တက်သည်ထက် တက်လာနေသည်။ အလားတူပင် ကိုဗစ်နိုင်တင်း ပျံ့ပွားမှုကလည်း နေ့စဉ် ဆယ်ဂဏန်းမှ ရာကြီးဂဏန်းထိပင် ကြောက်ခမန်းလိလိ တိုးတက်လာနေသည်။ အဆိုပါ ဝိရောဓိမှာမျက်မှောက်ပြဿနာတစ်ရပ်အဖြစ် ရှိနေပေပြီ။
ပညာသင်ယူခွင့် အခွင့်အလမ်းဆိုင်ရာ တရားမျှတမှု
"ပညာဖြင့် ခေတ်မီနိုင်ငံတော် တည်ဆောက်မည်"ဆိုသော ခေတ်တစ်ခေတ်ရှိခဲ့ဖူးသည်။ သို့သည့်တိုင် ထိုကြွေးကြော်သံနှင့် ဆန့်ကျင်ဘက်ရလဒ်များသာ ရရှိခဲ့သည်။ ယင်းကဲ့သို့ ကြွေးကြော်သည့်ခေတ်မှာပင် ပညာရေး အဟောသိကံဖြစ်မှုများ အကြီးအကျယ် ဖြစ်သွားခဲ့သည်။ သဲထဲရေသွန်သည်မဟုတ်။ သဲထဲပညာတွေ သွန်ချခဲ့သည်။
ပြာဒါလာပြီ အိပ်အိပ်
မိမိတို့ငယ်ကတည်းက ထိကရုန်းပင်များကိုတွေ့လျှင် အဆိုပါအတိုင်းပြောဆိုကာ တို့ထိဆော့ကစားကြသည်။ အဓိပ္ပာယ်ကိုတော့ မည်သည်ကိုဆိုလိုမှန်းမသိခဲ့ကြ။ နောက်ပိုင်းမှသာ ကိုလိုနီခေတ်က ရဲတပ်သား သို့မဟုတ် မြို့ပိုင်ရုံးမှ အငယ်တမ်းစာရေးကို ပြာဒါဟု ခေါ်ဆိုမှန်း သိခဲ့ကြသည်။ ထိုပြာဒါတို့သည် ပြည်သူကို လွန်စွာနှိပ်စက်ကလူ ပြုကြသည်။ မိမိတို့တွင်ရှိသော လုပ်ပိုင်ခွင့်အာဏာကို အသုံးချလျက်...
ကိုယ်စားလှယ် ဟူသည်မှာ
၂၀၂၀ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ယခုအချိန်တွင် ပါတီအသီးသီးက မိမိတို့၏ ကိုယ်စားလှယ်လောင်းများကို ပြည်သူ့ထံသို့ တင်ပြမိတ်ဆက်နေကြပြီ ဖြစ်သည်။ ထိုသို့သော အချိန်တွင် ကိုယ်စားလှယ်ဟူသောစကား၏ အတိမ်အနက်ကိုလည်း စေ့ငုရန် လိုအပ်လာပြီလည်း ဖြစ်သည်။ ကိုယ်စားလှယ်ဟူသော ဝေါဟာရကို အနက်ဖွင့်ကြည့်သောအခါ ပြည်သူလူထုကို ကိုယ်စားပြုထားသူ သိုးဆောင်းစကားဖြင့်...
မြစ်ချင်းတွင်းကို ဂရုစိုက်ပါ
လက်ရှိမြန်မာနိုင်ငံဟူ၍ ဖြစ်ပေါ်လာခဲ့သော အတိတ်သမိုင်းကြောင်းတွင် မြစ်ဝှမ်းဒေသများသည် အရေးပါခဲ့သည်။ သမိုင်းတင်ပြီးနောက် အနော်ရထာခေတ်မှ အစပြု၍ ဧရာဝတီမြစ်ဝှမ်းဒေသသည် ထင်ထင်ရှားရှား အရေးပါလာသကဲ့သို့ ရှိသော်လည်း သမိုင်းမတင်မီ အထောက်အထားအချို့တွင် ချင်းတွင်းမြစ်ကမ်းနံဘေးရှိ အင်ပါယာကြီးများသည်လည်း အခန်းကဏ္ဍတစ်ရပ်အဖြစ် တည်ရှိနေခဲ့ကြောင်း ရှေးဟောင်းသုတေသီတို့က ဖော်ပြနိုင်ခဲ့သည်။
ယာဉ်စည်းကမ်းမှသည် အဆင့်မြင့် ဒီမိုကရေစီ ဆီသို့
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သည် ယာဉ်စည်းကမ်းနှင့် ပတ်သက်၍ လိုက်နာမှုအားနည်းသည့် မြို့များထဲတွင် တစ်မြို့အပါအဝင်ဖြစ်ကြောင်း ငြင်းမရနိုင်ပါ။ ကိုဗစ်ကာလတွင် ယာဉ်တိုက်မှုအရေအတွက် အနည်းငယ် လျော့ကျသွားကြောင်း စာရင်းဇယားများအရ တွေ့ရသော်လည်း ပြန်လည်ဖြည်လျှော့စပြုနေသော ယခုကာလတွင် ယာဉ်မတော်တဆမှုများ ပြန်လည်မြင့် တက်လာသည်ကို ယာဉ်ထိန်းရုံးစာရင်းဇယားများအရ တွေ့နိုင်သည်။ ထို့ပြင်...