သတိထားရတော့မည့် လူ့အဖွဲ့အစည်း၏ အန္တရာယ်

ယခုရက်ပိုင်းအတွင်း လူအများကြား နေရာအယူဆုံးသတင်းမှာအကယ်ဒမီဆုပေးပွဲသတင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် အတွင်းရုံတင် ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများထဲမှ ဇာတ်ကား၊ ဇာတ်ဆောင်၊ အတတ်ပညာအစရှိသည်တို့တွင် ထူးချွန်သူများကို ဆုပေးရာတွင် ပရိသတ်များပြင်ပအတတ်ပညာရှင်များကြိုတင် တစ်ပေးထားသော ဇာတ်ကားများ၊ ဇာတ်ဆောင်များကိုမပေးဘဲ အရည်အသွေးအားနည်းကြောင်း အများကထင်ရှားစွာ ဝေဖန်ထားကြသော ဇာတ်ကား၊ ဇာတ်ဆောင်အချို့ကိုပေးခဲ့သောကြောင့်...

မှန်သောအချက်များကို အခြေခံ၍

မုံရွာသည် လျှင်မြန်စွာဖွံ့ဖြိုးတက်မှု အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေသည်။ အထက်ချင်းတွင်းမှ လူများအခြေ ချမှုများလာသလို အနီးပတ်ဝန်းကျင် နယ်မြို့များ ရွာများမှပြောင်းရွှေ့နေထိုင်လာသူများလည်း တစ်စ တစ်စများလာသည်။ အလုပ်အကိုင်အခွင့်အလမ်း စီးပွားရေးအခွင့်အလမ်း ပိုမိုကောင်းမွန် လာနိုင်ဖွယ်ရှိသည်ဟူသည့် မှတ်ယူချက်များ မျှော်လင့်ချက်များကြောင့်...

ကိုယ့်စကားကိုယ် တာဝန်ယူခြင်းနှင့် ပတ်သက်၍

​ပြီးခဲ့သည့် အပတ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မုံရွာသို့ရောက်ရှိလာသည်။ ပြည်သူများနှင့်တွေ့ဆုံသည်။ ဌာနဆိုင်ရာများသာများနေသည်ဟူသော ဝေဖန်မှုများရှိသော်လည်း ပြည်သူအချို့မေးခွန်းမေးမြန်းခွင့်ရကြသည်။ ထိုသို့ အခွင့်အရေးရချိန်တွင် မေးခွန်းမေးမြန်းသောသူများအနက် တစ်ဦးတစ်ယောက်ကသာ မြို့ခံတို့ကျေနပ်လောက်သော မြို့အကျိုးစီးပွားနှင့် ကိုက်ညီသော မေးခွန်းကို မေးနိုင်ခဲ့ပြီးအခြားမေးမြန်းသူများမှာမူ တောင်စဉ်ရေမရ စကားများသာဖြစ်ခဲ့ပြီးထိထိရောက်ရောက် အကျိုးမဖြစ်ထွန်းခဲ့သည်ကိုတွေ့ရသည်။ထိုသို့ အကျိုးမဖြစ်ထွန်းသော...

အတိုင်ပင်ခံခရီးစဉ်မှ ရလဒ်များကို မူတည်၍

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မိမိတို့တိုင်းဒေသကြီးသို့လအနည်းငယ်သာခြားလျက် ဒုတိယအကြိမ်မြောက်လာရောက်ခဲ့သော ခရီးစဉ်မှာယခုတလော လူပြောအများဆုံးဖြစ်သည်။ အတိုင်ပင်ခံ၏ ခရီးစဉ်တွင်ဆွေးနွေးလိုသူများ၊ တိုင်ကြားလိုသူများ ဆန္ဒဖော်ထုတ်လိုသူများထုံးစံအတိုင်း အများအပြားထွက်ပေါ်လာဖွယ်ရှိသည်။ ထိုထက်ထူးခြားပြီးစိတ်ဝင်စားစရာကောင်းသော အချက်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်၏စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအပေါ် အမြင်ဖြစ်သည်။ ယခင်တစ်ခေါက်လာစဉ်က တိုင်းအစိုးရများသည် ပြည်သူလူထုနှင့်အထိအတွေ့နည်းသေးကြောင်း ပြည်သူနှင့်...

စားပွဲဝိုင်းပြောဆို ယဉ်ကျေးမှုဆီသို့

အကြောင်းအရာတစ်ခုအား မိမိဆန္ဒရှိသည်ကို လွတ်လပ်စွာပြောဆိုတုန့်ပြန်ခွင့်ရလာခြင်းသည် ဒီမိုကရေစီ၏အနှစ်သာရပင်ဖြစ်သည်။မိမိဆန္ဒရှိသည်ကို လွတ်လပ်စွာပြောဆိုသလို တစ်ဖက်သား၏ဆန္ဒကိုနားထောင်ရန်လည်းလိုလာသည်။ ထိုမှတစ်ဆင့် ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်း နည်းလမ်းကိုသွားရမည်ဖြစ်သည်။ မိမိတို့သည် ယခင်ကထက် လွတ်လပ်ပွင့်လင်းလာသည်နှင့်အမျှပြောဆိုရဲသော သတ္တိများပိုမိုပေါက်ဖွားလာသည်။ယခင်ခေတ်များဆီကလူ ၅ ဦးထက် စုဖွဲ့ပြီး စကားပြောမိလျှင်ပင်...

လက်ငင်းအကျိုးအမြတ်နဲ့ စီးပွားရေး

မိမိတို့ နိုင်ငံသားများသည် စီးပွားရေးလုပ်ကိုင်ရာတွင်လက်ငင်းအကျိုးအမြတ်ကိုသာ အဓိကထား ဆောင်ရွက်ကြလေ့ရှိကြောင်းမြန်မာ့စီးပွားရေးကို လာရောက်သုတေသနပြုသူ ပညာရှင်များကဝေဖန်ကြသည်။ လက်ငင်းအကျိုးအမြတ်ဟူသည်မှာ ပစ္စည်းတစ်ခုကိုရောင်းချရာတွင် အရင်းထက်ပိုကာ ရောင်းချရသော အမြတ်ဖြစ်သည်။လက်ငင်းအကျိုးအမြတ်ကို အဓိကထားသောကြောင့် အမြတ်များစွာတင်ရောင်းသော ဓလေ့သည် မြန်မာ့စီးပွားရေးတွင် အသားကျနေကြောင်းတွေ့ရှိရသည်။ လက်ငင်းအမြတ်ကို ဦးစားပေးလွန်းခြင်းသည် စီးပွားရေးတိုးတက်မှုအတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း စီးပွားရေး...

အခြေခံလိုအပ်ချက်သည် လျှပ်စစ်ဖြစ်သည်

တိုင်းပြည်တစ်ပြည်၏ အခြေခံလိုအပ်ချက်မှာ လျှပ်စစ်ဖြစ်သည်။ လျှပ်စစ်အထောက်အပံ့ကောင်းသော တိုင်းပြည်သည် စက်မှုလုပ်ငန်းများ ဖော်ဆောင်ရာတွင် အလျှင်အမြန်ပြီးမြောက်သည်။ ထိုအခါ ထုတ်ကုန် ထုတ်လုပ်မှုနှုန်းမြင့်မားသည်။ ထုတ်ကုန်ထုတ်လုပ်မှုနှုန်းနှင့်အတူ ထုတ်ကုန်၏ အရည်အသွေးသည်လည်း ကျွဲကူးရေပါလာသည်။ ထုတ်ကုန် အရည်အသွေးမြင့်လျှင် ပြည်ပဝယ်လိုအားတက်လာသည်။ ပြည်ပ ဝယ်လိုအားတက်လာလျှင် တိုင်းပြည်၏ ပြင်ပဝင်ငွေကောင်းသည်။...
- Advertisement -

Latest article

ကန့်ဘလူမြို့ ဆန္ဒပြပွဲပုံရိပ်များ

မုံရွာဂေဇက်၊ မတ် - ၉ အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ကန့်ဘလူမြို့နယ်လုံးဆိုင်ရာ လှုပ်ရှားမှု သပိတ်ပုံရိပ်များ ဖြစ်သည်။ ယခင် လူထုစုဝေးရာ နေရာများတွင် ရဲနှင့်စစ်အင်အား ချထားသောကြောင့် မြို့တွင်းလမ်းများတွင်...

စစ်ကိုင်းတိုင်းအတွင်းမှ ဆန္ဒပြပွဲများ

မုံရွာဂေဇက်၊ မတ် - ၈ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အနှံ့အပြားတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလျက် ရှိသည်။ ကသာ၊ ကန့်ဘလူ၊ မြင်းမူ၊ ဘုတလင်၊ ဒီပဲယင်း၊ တန့်ဆည်၊ အရာတော်၊...