မုံရွာတွင် စည်ပင်အားဆန္ဒထုတ်ဖော်မှုစတင်

တိုင်းအစိုးရလက်အောက်ရှိ ဌာနတစ်ခုဖြစ်သော စည်ပင်သာယာရေး ဌာနအား ဆန္ဒထုတ်ဖော်မှုကို မုံရွာတွင် ယနေ့ ဒီဇင်ဘာ၂၁ နံနက်ပိုင်းကစတင်ခဲ့သည်။ စီမံခန့်ခွဲမှုညံ့ဖျင်းသော တာဝန်ရှိသူများအလိုမရှိ၊ စည်ပင်ဘက်ဂျက် ပွင့်လင်းမြင်သာရေး အဂတိလိုက်စားသော တာဝန်ရှိသူများအရေး ယူပေးစတဲ့အချက်တွေကို အဓိကထားပြီးတောင်းဆိုမှုများပြုလုပ်ခဲ့ သည်။

မုံရွာတွင် ၂၀၁၉ အထိ မီးမကြာခဏပျက်ဦးမည်ဟု လျှပ်စစ်ဌာနပြော

အရည်အသွေးနိမ့် ဓာတ်ကြိုးများ ကို ဘတ်ဂျက်နှစ်အလိုက် ပြောင်းလဲ တပ်ဆင်ဦးမည်ဖြစ်သဖြင့် ၂၀၁၉ အစောပိုင်းလများအထိ မီးပျက်နိုင်ပြီး နောက်ပိုင်းတွင် မီးပျက်ချိန် သိသိ သာသာ ကျဆင်းလိမ့်မည်ဟု မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ဇော်က ပြောသည်။ ယခုရက်ပိုင်းအတွင်း...

မုံရွာကြာဆံစက်ရုံများမှ ရေဆိုးများ ရေစစ်ကန်မစစ်ဟု လွှတ်တော်အစီရင်ခံစာ ဖော်ပြ

မုံရွာစက်မှုဇုန် ရှိကြာဆံစက်ရုံ များတွင် ရစေစ်ကန်များ တည်ဆောက် ထားသော်လည်း အမှန်တကယ် ရေ မစစ်ကြောင်း စစ်ကိုင်းတိုင်းဒသေကြီး လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ် ရေးကော်မတီမှ လွှတ်တော်သို့ အစီရင် ခံစာတင်သွင်းခဲ့သည်။

ရဲတပ်ရင်း ၂၈ ဆောက်ရန်သိမ်းခဲ့သော မြေယာများအတွက် လျော်ကြေးပေးတော့မည်

လက်ပံတောင်းစီမံကိန်း အကောင် အထည်ဖော်ပြီး တည်ဆောက်ခဲ့သော ပုသိမ်-မုံရွာ ကားလမ်းဘေးရှိရဲတပ်ရင်း ၂၈ တည်ဆောက်စဉ်က သိမ်းဆည်း ခဲ့သော မြေယာများအတွက်လျော်ကြေး အမြန်ဆုံး ထုတ်ပေးသွားမည်ဟု စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦကမ်ဇာမုံက ပြောသည်။ ...

ဆိုလာစွမ်းအင်သုံးကား ကလေးနည်းပညာတက္ကသိုလ် ကျောင်းသားများ စုပေါင်းဖန်တီး

ကလေးမြို့ နည်းပညာတက္ကသိုလ် ကျောင်းသားများမှ နေစွမ်းအင်သုံး ကားတစ်စီးကို စုပေါင်းတည်ဆောက် ၍ စမ်းသပ်မောင်းနှင်နေကြောင်း ဦး ဆောင်သူကိုဇော်မင်းသူက ပြောသည်။ ၎င်းယာဉ်ကို နဃ မေဂျာ မှ ကျောင်းသား ၁၀ဦးက အချိန်တစ်လ...

မဏိပူရ်မြစ်ရေ တိုက်စားမှုကြောင့် မြောက်စည်းရွာရှိ နေအိမ် ၃၀ ရွှေ့ပြောင်းပေးမည်

ကလေးမြို့နယ်တောင်ပိုင်း မဏိပူရ်မြစ်ဘေး မြောက်စည်းရွာသစ်တွင် မြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေ ၃၀ မှာ ဘေးလွတ်ရာ ရွာဘုံမြေသို့ ပြောင်းရွှေ့နိုင်ရေး လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောသည်။

ဒုအကြိမ် စစ်ကိုင်းလွှတ်တော် သက်တမ်းနှစ်နှစ်ကျော်အတွင်း ဥပဒေသစ်လေးခုသာ ပြဌာန်းနိုင်သေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ကိုယ်စားလှယ်အများစု ပါဝင် သော ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်သက်တမ်း နှစ်နှစ်ကျော်တွင် အသစ်ရေးဆွဲပြဌာန်း သည့်ဥပဒေ ၄ ခုသာရှိသေးကြောင်း လွှတ်တော်မှတ်တမ်းများ တွင်ဖော်ပြ ထားသည်။
- Advertisement -

Latest article

ကန့်ဘလူမြို့ ဆန္ဒပြပွဲပုံရိပ်များ

မုံရွာဂေဇက်၊ မတ် - ၉ အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ကန့်ဘလူမြို့နယ်လုံးဆိုင်ရာ လှုပ်ရှားမှု သပိတ်ပုံရိပ်များ ဖြစ်သည်။ ယခင် လူထုစုဝေးရာ နေရာများတွင် ရဲနှင့်စစ်အင်အား ချထားသောကြောင့် မြို့တွင်းလမ်းများတွင်...

စစ်ကိုင်းတိုင်းအတွင်းမှ ဆန္ဒပြပွဲများ

မုံရွာဂေဇက်၊ မတ် - ၈ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အနှံ့အပြားတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလျက် ရှိသည်။ ကသာ၊ ကန့်ဘလူ၊ မြင်းမူ၊ ဘုတလင်၊ ဒီပဲယင်း၊ တန့်ဆည်၊ အရာတော်၊...