ကန်သာယာဘေးမဲ့ကန်အတွင်း ငါးများသေရန် ရေထုတ်သူများကို ရာပြည့်ဘုရားဂေါပကမှ တရားစွဲမည်

မုံရွာမြို့၏ ကျက်သရေဆောင်ကန်သာယာဘေးမဲ့ ကန်အတွင်းရှိငါးများ သေဆုံးအောင် ရေများစုပ်ထုတ်သူမှန်သမျှကို လိုအပ်လျှင်တရားစွဲဆိုသွားမည်ဟု ကန်အတွင်းရှိ ရာပြည့်ကပ်ကျော် ဘုရားဂေါပကအဖွဲ့ ဥက္ကဌဦးကောင်းညွန့်ပြောသည်။ ကန်သာယာကန်တွင် မုံရွာမြို့တည်သက်တမ်း နှစ်၁၀ဝ ပြည့်အဖြစ်ရာပြည့်ကပ်ကျော်စေတီတည်ထားစဉ်ဘေးမဲ့ကန်အဖြစ် မြို့အာဏာပိုင်များကသတ်မှတ်ပေးခဲ့ကြောင်း ရာပြည့်ကျောက်စာတွင် ဖော်ပြထားသည်။

ပြည်သူတွေနှင့် မကြာခဏတွေ့ဆုံပွဲတွေလုပ်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကို တိုက်တွန်း

တိုင်းအတွင်းပြည်သူများနှင့် တွေ့ဆုံပွဲတွေ ဒူးတိုက်ဆွေးနွေးမှုတွေ မကြာခဏလုပ်ဖို့ ကလေးမြို့ မြို့တော်ခန်းမ မှာ ဒီကနေ့ နေ့လယ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ ကလေးမြို့သို့ရောက်ရှိစဉ် တွေ့ဆုံပွဲမှာ အမေးအဖြေကဏ္ဍပါဝင်ပြီး မေးခွန်းများကို...

လူနာပို့ပြန်လာစဉ် ခေါ်ဆောင်သွားခြင်းခံရသော လူမှုကူညီရေးအသင်းဝင်များ ပြန်မလွတ်သေး

မုံရွာ၊ ဖေဖော်ဝါရီ -၂၈ ယာဉ်မတော်တဆမှုဖြစ်သော လူနာအား ဆေးရုံသို့ပို့အပြီး ပြန်လာစဉ် ခေါ်ဆောင်သွားခြင်းခံရသော မုံရွာမှ လူမှုရေးအသင်းသုံးသင်း၏ အသင်းသားများ ယနေ့အထိပြန်မလွတ်သေးဟု အသင်းများက ပြောသည်။ ဖေဖော်ဝါရီ ၂၆...

Covid19 ကုသရန် တိုင်းအတွင်း ဆေးရုံအားလုံး အနည်းဆုံးကုတင် ၄ ခု ပြင်ထားရန် ညွှန်ကြားထား

ကိုရိုနာဗိုင်းရပ်စ် Covid-19 လူနာ ကုသနိုင်ရန် စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၃၇ မြို့နယ်ရှိ ဆေးရုံတိုင်းတွင် သီးသန့်ခန်းဖြင့် အနည်းဆုံး ကုတင် ၄ ခု ထားရန် တိုင်းကျန်းမာအနေဖြင့် ညွှန်ကြားထားသည်ဟု ဒုတိယတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာ ငြိမ်းငြိမ်းအေးက ပြောသည်။

ထမံသီဘေးမဲ့တောရှိ အင်းကျားနှင့်မျောက်လွှဲကျော်အား သုတေသနလုပ်ရန် စီစဉ်

တင်မျိုးငြိမ်းဟုမ္မလင်း၊ ဇွန်- ၄ ဟုမ္မလင်းမြို့နယ်ရှိ အာဆီယံအမွေအနှစ်စာရင်းဝင် ထမံသီဘေးမဲ့တောတွင်ကျက်စားသည့် တောရိုင်းတိရိစ္ဆာန်များအနက် အင်းကျားနှင့် မျောက်လွှဲ​ကျော်အား ထပ်မံသုတေသနလုပ်ရန် ကြိုးပမ်းနေကြောင်း ဟုမ္မလင်းမြို့ ထမံသီဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ ယမန်နှစ်ကလည်း...

မုံရွာတွင် သစ်ပင်ခုတ်ခြင်းမှာ ဝန်ကြီးချုပ်ကိုယ်တိုင် ညွှန်ကြားထားခြင်းဖြစ်

စစ်ကိုင်းတိုင်းဒေသကြီးမြို့တော် မုံရွာမြို့ တွင် သက်တမ်းရင့်သစ်ပင်ကြီးများ ခုတ်ခြင်းမှာ ဝန်ကြီးချုပ်ညွှန်ကြားထားခြင်းဖြစ်ကြောင်း မနေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောသည်။ "လူ့အသက်တစ်ချောင်းထက် ဘာမှအရေးမကြီးပါဘူး။မလိုအပ်ပဲ အလဟဿမလုပ်ပါဘူး။ကျွန်တော်တို့ ခေါင်းဆောင်တွေက လမ်းတဲ့မလွတ်တဲ့သစ်ပင်တွေကို အမြစ်ကစ မြေလှန်ပြစ်ဖို့ ပြောထားပါတယ်။သဘာဝပတ်ဝန်းကျင်ကို ကျွန်တော်လောက်ချစ်တာ...

ကောလင်းတွင် ကိုဗစ်လူနာ ၂ ဦးတွေ့

အိအိဖြိုးမုံရွာ၊ အောက်တိုဘာ - ၁၆ စစ်ကိုင်းတိုင်းအတွင်း ကောလင်းမြို့နယ်တွင် ကိုဗစ်လူနာ ၂ ဦးထပ်တွေ့ကြောင်း တိုင်း COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။ ကောလင်းမြို့နယ်၊ ခံသာကျေးရွာမှ အသက်...

ကတူးဒေသရိုးရာ နတ်ကြီးတက် ပူဇော်ပွဲပြုလုပ်

မောင်စိန်ချို ပင်လည်ဘူး၊ နိုဝင်ဘာ - ၁၃ ကသာခရိုင် အင်းတော်မြို့နယ်တွင် ကတူးဒေသ ရိုးရာ(ရှင်ကြီး)နတ်ကြီးတက် ပူဇော်ပွဲပြုလုပ်ခဲ့သည်။ အင်းတော်မြို့နယ် တာပေါကျေးရွာတွင် ရှင်ကြီးနှင့်ရှင်မ ရိုးရာနတ်ပူဇော်ပွဲအား ဝါဝင်၊...

အခြေခံလူတန်းစားများ ကျပ် ၂ သောင်းစီထောက်ပံ့ဦးမည်

အိအိမွန်မုံရွာ၊ နိုဝင်ဘာ - ၁၀ စစ်ကိုင်းတိုင်းအတွင်း အခြေခံလူတန်းစားများကို အိမ်ထောင်စု တစ်စုလျှင် ကျပ် ၂ သောင်းစီ ထောက်ပံ့မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက အတည်ပြုသည်။

အသစ်ပြန်တည်ရန် နှစ် ၂၀၀ နီးပါး သက်တမ်းရှိ ရှေးဟောင်းစေတီများ ဖြိုချ

တင်မျိုးငြိမ်းဟုမ္မလင်း၊ ဒီဇင်ဘာ - ၃၀ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းကျေးရွာရှိ နှစ်ပေါင်း ၂၀ဝ ဝန်းကျင်သက်တမ်းရှိ ရှေးဟောင်းစေတီများအား အသစ်ပြန်လည်တည်ဆောက်ရန် ဖြိုချသန့်ရှင်းလိုက်ကြောင်း သတငး် ရရှိသည်။ မောင်းခမ်းကျေးရွာတွင် ရှေးဟောင်းစေတီပုထိုးများ စုစုပေါင်း ၁၆...
- Advertisement -

Latest article

ကန့်ဘလူမြို့ ဆန္ဒပြပွဲပုံရိပ်များ

မုံရွာဂေဇက်၊ မတ် - ၉ အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ကန့်ဘလူမြို့နယ်လုံးဆိုင်ရာ လှုပ်ရှားမှု သပိတ်ပုံရိပ်များ ဖြစ်သည်။ ယခင် လူထုစုဝေးရာ နေရာများတွင် ရဲနှင့်စစ်အင်အား ချထားသောကြောင့် မြို့တွင်းလမ်းများတွင်...

စစ်ကိုင်းတိုင်းအတွင်းမှ ဆန္ဒပြပွဲများ

မုံရွာဂေဇက်၊ မတ် - ၈ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အနှံ့အပြားတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလျက် ရှိသည်။ ကသာ၊ ကန့်ဘလူ၊ မြင်းမူ၊ ဘုတလင်၊ ဒီပဲယင်း၊ တန့်ဆည်၊ အရာတော်၊...