မုံရွာ-ပုသိမ် လမ်းဆုံတွင် ဆန္ဒပြ

ဆားလင်းကြီး၊ မတ် - ၂ ချင်းတွင်းမြစ်အနောက်ဖက် ဆားလင်းကြီးမြို့နယ် မုံရွာ-ပုသိမ်လမ်းဆုံ ဝမ်ပေါင်ကုမ္ပဏီအနီး လူထုဆန္ဒပြမှု မြင်ကွင်း ဖြစ်သည်။

မုံရွာ ရပ်ကွက်များအလိုက် သပိတ်စစ်ကြောင်းများထွက်

မုံရွာ၊ မတ် - ၂ မုံရွာတွင် ယနေ့ညနေပိုင်းက ရပ်ကွက်တွင်း သပိတ်စစ်ကြောင်းများထွက်၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သည်။ တချိန်တည်းမှာပင် ကျောက္ကာလမ်းတလျောက် ရဲနှင့်စစ်တပ်ကား ၁၀ စီးခန့်မှ လှည့်လည်မှုများလုပ်သည်။

ကဒူးဒေသက သဘာဝရေညှိ

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် ကဒူးတိုင်းရင်းသားများရဲ့ ရေညှိပေါင်းဟာ ဆေးဘက်ဝင် ရိုးရာအစားအစာတစ်ခုပါ။ ရေညှိပေါင်းလုပ်ဖို့ ပင်လည်ဘူးနဲ့ ၂၂ မိုင်အကွာ တောင်မော်ရွာအနီး ဖောက်လပ်ရေတံခွန်ချောင်းကို သွားရတာဖြစ်ပါတယ်။ သဘာဝရေညှိကိုရဖို့ ဒေသခံတွေ ဘယ်လို ရှာဖွေလုပ်ကိုင်သလဲဆိုတာ မုံရွာဂေဇက်က မှတ်တမ်းတင် ရိုက်ကူးတင်ဆက်လိုက်ပါတယ်။

ရှမ်းစော်ဘွားတို့ အမွေ

ချင်းတွင်းမြစ်အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ရွာသည် ရှမ်းစော်ဘွားများ နေထိုင်ခဲ့ရာ ဒေသတစ်ခုဖြစ်သည်။ ၄င်းဒေသတွင် စော်ဘွားများတည်ဆောက်ခဲ့သော ရှေးမူမပျက်တည်ရှိနေဆဲဖြစ်သည့် သိမ်တော်ကျောင်းနှင့် လယ်ပေါ်ကျောင်း၊ ဟော်နန်း၊ စေတီပုထိုးများစွာရှိသည်။ နှစ်ပေါင်း ၃၀ဝ ကျော်က ယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်ပျက်စေရေး ထိန်းသိမ်းနိုင်ရန် ကော်မတီဖွဲ့၍ ကြိုးပမ်နေကြသည်။ သောင်သွပ်ရွာမှ...

ဟုမ္မလင်း လက်ဖက်ခြောက်

စစ်ကိုင်းတိုင်းဟာ ရှမ်းပြည်နယ်လောက် လက်ဖက်ခြောက်ကောင်းထွက်ရာဒေသမဟုတ်ပေမဲ့ အထက်ချင်းတွင်း ဟုမ္မလင်းဒေသကထွက်တဲ့ လက်ဖက်ခြောက်ဟာလည်း အရသာတစ်မျိုးနဲ့ နာမည်ကျော်ပါတယ်။ ဟုမ္မလင်းဒေသမှာ လက်ဖက်စိုက်ကျေးရွာပေါင်း ၃၃ ရွာရှိပါတယ်။ ဒီတစ်ပတ်မှာတော့ ဟုမ္မလင်းက လက်ဖက်ခြောက်ထုတ်လုပ်မှုအကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်။ ဟုမ္မလင်းမြို့နယ်တွင်...

ကိုဗစ်ကာလ ဈေးသည်များဘ၀

ကိုဗစ်ကာကွယ်တားဆီးရေးအတွက် ညမထွက်ရအမိန့် (ပုဒ်မ-၁၄၄)ထုတ်ပြန်ထားပြီး မြို့ဝင်/ထွက်ဂိတ်များလည်း ပိတ်ထားရဆဲ ဖြစ်သည်။ မုံရွာကန်သာယာ ယာယီဈေးသို့ နေ့စဉ်လာရောက်ကြသော မုံရွာမြို့ပြင်ပမှ ဈေးရောင်းဈေးဝယ်များသည် မိမိတို့ ရပ်ရွာဘက်တွင် အချိန်မီ ပြန်လည်ရောင်းချနိုင်ရန် ညဦးပိုင်းကတည်းက မုံရွာသို့ လာရောက်ကြရသည်။

ကိုဗစ်နှင့် ကြိုတင်မဲ

ကိုဗစ်ကပ်ရောဂါကြောင့် ရွေးကောက်ပွဲနေ့မတိုင်မီ ၁၀ ရက်အလိုကစပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်ရုံးများတွင် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးခြင်း ပြုလုပ်ခဲ့သည်။ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်ထိ ကော်မရှင်ရုံများတွင် ကြိုတင်မဲပေးကြသည်။ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တွင်...

သီတွင်းကျွတ်လပြည့်ည

မုံရွာ၊ အောက်တိုဘာ - ၃၁ သီတင်းကျွတ်လပြည့်ည မုံရွာမြို့ရှိမြင်ကွင်းအချို့အား ရိုက်ကူးတင်ဆက်လိုက်ပါသည်။

ကသာငါးချဉ်

ကသာကိုရောက်ရင် အိမ်ပြန်လက်ဆောင် မှာတတ်ကြတာကတော့ ငါးချဉ်ပါ။ ကသာငါးချဉ်ဟာ ဒေသတွင်းသာမက မြန်မာပြည်တစ်ခွင် ကျော်ကြားလှပါတယ်။ ဧရာဝတီမြစ်ကြီးကပေးတဲ့ ငါးသယံဇာတတွေကို စစ်ကိုင်းတိုင်း ကသာမြို့က ကောင်းကောင်းအသုံးချထားနိုင်တာ ဖြစ်ပါတယ်။ ငါးချဉ်ကို ကသာဒေသ အလှူမင်္ဂလာပွဲတွေမှာ ငွေကြေးတတ်နိုင်သူတွေကတော့ အရံဟင်း လုပ်ကျွေးလေ့ရှိပြီး အခြေခံလူတန်းစားများကတော့ ထမင်းမြိန်တဲ့...
- Advertisement -

Latest article

ကန့်ဘလူမြို့ ဆန္ဒပြပွဲပုံရိပ်များ

မုံရွာဂေဇက်၊ မတ် - ၉ အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ကန့်ဘလူမြို့နယ်လုံးဆိုင်ရာ လှုပ်ရှားမှု သပိတ်ပုံရိပ်များ ဖြစ်သည်။ ယခင် လူထုစုဝေးရာ နေရာများတွင် ရဲနှင့်စစ်အင်အား ချထားသောကြောင့် မြို့တွင်းလမ်းများတွင်...

စစ်ကိုင်းတိုင်းအတွင်းမှ ဆန္ဒပြပွဲများ

မုံရွာဂေဇက်၊ မတ် - ၈ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အနှံ့အပြားတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလျက် ရှိသည်။ ကသာ၊ ကန့်ဘလူ၊ မြင်းမူ၊ ဘုတလင်၊ ဒီပဲယင်း၊ တန့်ဆည်၊ အရာတော်၊...