နာဂဒေသ လမ်းပိုင်းအခြေအနေတွေ ဘယ်လိုရှိလဲ

နာဂဒေသတွင်း လမ်းပိုင်းတွေ ဘယ်လို အခြေအနေရှိနေပါပြီလဲ။ လက်ရှိ ခန္တီး-လဟယ်-နန်းယွန်း လမ်းပိုင်းကို တာဝန်ယူဖောက်လုပ်နေတဲ့ လမ်းအထူးအဖွဲ့ (၁၉) ရဲ့ စီမံကိန်းတာဝန်ခံ၊ မြို့ပြအင်ဂျင်နီယာ ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနဲ့ မုံရွာဂေဇက် သီးသန့်အင်တာဗျူးကို တင်ဆက်ပေးလိုက်ပါတယ်။
နာဂဦးစီးဥက္ကဌ ဦးကေဆိုင်းနှင့် တွေ့ဆုံခြင်း

နာဂဦးစီးဥက္ကဌ ဦးကေဆိုင်းနှင့် တွေ့ဆုံခြင်း

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အနေနဲ့ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဘယ်လိုစီမံ ဆောင်ရွက်နေသလဲ၊ သူတို့ရဲ့ ရည်မှန်းချက်တွေ ပြည့်ဖို့ စိန်ခေါ်ချက်တွေနဲ့ အခက်အခဲတွေက ဘာတွေ ရှိနေပါသလဲ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌနဲ့ မုံရွာဂေဇက် သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

အိမ်မှာဘဲ နေလို့ မရတဲ့ စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေရဲ့ဘ၀

ကိုဗစ်ကပ်ဘေးကြောင့် ဖြစ်နိုင်ရင် အိမ်မှာသာနေကြဖို့ ဆော်ဩထားပေမယ့် စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေအတွက်တော့ အိမ်မှာနေလို့ မရကြပါဘူး။ နေရာစုံကိုသွားနေရပြီး ပတ်ဝန်းကျင်နဲ့လည်း အထိအတွေ့များတော့ သူတို့တွေအတွက် ကျန်းမာရေးလုံခြုံစိတ်ချရမှုဟာ စိန်ခေါ်ချက်တွေ ရှိနေပါတယ်။ https://youtu.be/e6jaFlseQ2o

ဆိုင်ကယ်မောင်းတိုင်း ရှေ့အောက်မီးဖွင့်မောင်းရတော့မယ်

အသစ်ပြဌာန်းလိုက်တဲ့ "ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ" အရ မော်တော်ဆိုင်ကယ်တွေမောင်းရင် ရှေ့အောက်မီးကို အမြဲတမ်း (နေ့ညမရွေး)ဖွင့်ပြီး မောင်းရပါတော့မယ်။ အခု မုံရွာမှာ ပညာပေးအစီစဉ်တွေလုပ်နေပြီး၊ နောက်ပိုင်းမှာတော့ ရှေ့မီးမဖွင့်မိရင် ဒဏ်ငွေ ကျပ် ၃၀၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။

ကိုဗစ်ကာလ မုံရွာက ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတွေရဲ့ အသံ

မုံရွာကုန်စိမ်းစျေးကွက်မှာ အဓိကကျတဲ့ ဟင်းသီးဟင်းရွက်နဲ့ ပန်းမျိုးစုံဟာ မုံရွာတောင်ဘက်နားက ချင်းတွင်းမြစ်မြေနုကျွန်းတွေကနေ အဓိက လာတာပါ။ ဒါပေမဲ့ မထင်မှတ်ပဲ ကြုံလိုက်ရတဲ့ ကိုဗစ်ရောဂါကြောင့် အဲဒီဒေသက ဟင်းသီးဟင်းရွက်စိုက်တောင်သူတွေဟာလည်း အခက်အခဲတွေရှိသွားပါတယ်။ https://youtu.be/UZPpBfJpgbA

ကိုဗစ်ကာလ အလုပ်လိုအပ်ချက် အရင်ထက် နှစ်ဆ ကျော်များလာ

ကိုဗစ်ကာလမှာ လူငယ်တွေ အလုပ်လျှောက်ထားတာ အရင်ပုံမှန်ကာလထက် နှစ်ဆကျော် ပိုများလာတယ်လို့ မုံရွာမှာတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ပြောပါတယ်။ https://youtu.be/AMROn7_8cus

ကိုဗစ်ကြောင့် တဖက်တလမ်း ဝင်ငွေအပေါ် အားကိုး လာကြရ

COVID-19 ကာလဟာ နှစ်လနီးပါးအထိကြာလာတော့ ပင်မ လုပ်ငန်းတွေ အဆင်မပြေဖြစ်လာကြပါတယ်။ ဒီတော့ တဖက်တလမ်းကနေ မိသားစုအတွက် ဝင်ငွေ ရှာလာကြရတာ တွေ့ရပါတယ်။ https://youtu.be/U5mKog0QCnc

ကိုဗစ်ကာလ မုံရွာမြိုက ကလေးငယ်တွေ ဘယ်လို ဖြတ်သန်းနေကြလဲ

COVID-19 ကြောင့် အိမ်မှာပဲ နေရစဉ် မုံရွာက ကလေးတွေဘယ်လို ဖြတ်သန်းကြလဲ။ တချို့က အွန်လိုင်းသင်တန်းတက်တယ်၊ တချို့က အိမ်မှာဆရာခေါ်ပြီး စာသင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ တချို့ကလေးတွေကတော့ အိမ်မှာ ကိုယ်ပိုင်အချိန်အဖြစ်နဲ့ လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းနေကြတာလည်း တွေ့ရပါတယ်။

လိုင်းနောင်နာဂတွေရဲ့ ရိုးရာ ယုံကြည်မှု

လိုင်းနောင်နာဂတိုင်းရင်းသားတွေရဲ့ ကိုင်ဝီပွဲ နဲ့ ရိုးရာယုံကြည်မှု အကြောင်းဟာ တကယ်ကို စိတ်ဝင်စားစရာကောင်းလှပါတယ်။ လူသိနည်းသေးတဲ့ ဒီရိုးရာပွဲတော်လေးအကြောင်း မုံရွာဂေဇက်ရဲ့ #ဒီမြေမှာ အစီအစဉ်ကနေ ကြိုးစားရိုက်ကူးထားတာလေးကို ကြည့်ရှူအားပေးကြပါဦး..။ https://youtu.be/TPOFgRz_qA4
- Advertisement -

Latest article

၂၀၂၀ အတွင်း ယာဉ်တိုက်မှုကြောင့် တစ်ပတ် ကိုးယောက်နှုန်း သေခဲ့

အိအိမွန်မုံရွာ၊ ဇန်နဝါရီ - ၁၈ ၂၀၂၀ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု အချက်အလက်များအရ တစ်ပတ်လျှင် ကိုးယောက်နှုန်း ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည်။ ပြီးခဲ့သည့်နှစ်များထက် ယာဉ်တိုက်မှုအကြိမ်ရေနှင့်...

ခရိုင်မှုခင်းရဲအဖွဲ့ အယောင်ဆောင် ငွေတောင်းသူများ ဖမ်းမိ

မောင်စိန်ချိုပင်လည်ဘူး၊ ဇန်နဝါရီ - ၁၈ ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် မှုခင်းနှိမ်နင်းရေး ခရိုင်ရဲတပ်ဖွဲ့အယောင်ဆောင်၍ ငွေတောင်းသူများအား ယမန်နေ့က ဖမ်းမိခဲ့သည်။ ဗန်းမောက်မြို့နယ် ခေါင်းကိုက်ကျေးရွာနေ အမျိုးသမီးတစ်ဦးနေအိမ်အား ဇန်နဝါရီ ၁၆...

ရွှေမှော်မှပြန်လာသော ဆယ့်နှစ်ဘီးကား တိမ်းမှောက်၍ ယာဥ်မောင်း သေဆုံး

မောင်စိန်ချိုပင်လည်ဘူး၊ ဇန်နဝါရီ - ၁၆ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်တွင် ဆယ့်နှစ်ဘီးယာဉ်တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံးပြီး ခရီးသည်များ ဒဏ်ရာရခဲ့သည်။ ဇန်နဝါရီ ၁၅ ရက်နေ့ ညနေ ၆ နာရီခန့်က...