COVID-19 နောက်ဆုံးရကမ္ဘာ့သတင်းများ

0
969

ကမ္ဘာ့သတင်း၊ မေ- ၄

• ရောဂါကူးစက်ခံရသူ – ၃,၅၉၀ , ၅၁၅ ဦး
• သေဆုံးသူ – ၂၄၉, ၀၁၄ ဦး
• ပြန်လည်ကျန်းမာလာသူ – ၁ ,၁၆၅, ၈၂၁ ဦး

◾နာဇီဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ချီကာကိုနှင့်အီလီနွိုက်မှာ COVID-19 ရောဂါကာကွယ်ရေး အတားဆီးပိတ်ပင်ကန့်သတ်တာတွေကို ဖယ်ရှားပေးဖို့ လူရာပေါင်းများစွာ လမ်းပေါ် ထွက် ဆန္ဒပြလာတယ်လို့ forbes မှာ ရေးသားထားပါတယ်။

◾ကိုရိုနာကပ်ဘေးဖြစ်နေစဉ် ကမ္ဘာပေါ်က ဘီလျံနာသူဌေးကြီးတွေဟာ ၂၃ ရက်အတွင်း ဒေါ်လာ ၂၃၈ ဘီလီယံ ပိုချမ်းသာသွားတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ဘီလျံနာ ၈ ယောက်ကတော့ ၁ ဘီလျံခန့် ပိုချမ်းသာလာတယ်လို့ Fox news မှာ ရေးသားထားပါတယ်။

◾တရုတ်နိုင်ငံဟာ ရည်ရွယ်ချက်ရှိရှိ ကိုရိုနာရောဂါပိုးရဲ့ ပြင်းထန်မှုကို ဖုံးကွယ်ထားခဲ့ချိန်မှာ တဖက်က ဆေးပစ္စည်းတွေကို စုဆောင်းနေခဲ့တယ်လို့ ဆိုပါတယ်။ ပို့ကုန်ကို ဇန်နဝါရီလမှာ လျှော့ချခဲ့ပြီး သွင်းကုန်များစွာ လက်ခံခဲ့ကြောင်း အမေရိကန်ပြည်တွင်း လုံခြုံရေးဌာနက ပြောကြားတာကို CNN က ရေးသားထားပါတယ်။

◾ဖလော်ရီဒါပြည်နယ်က ကိုရိုနာအတွက် ရှေ့တန်းထွက် အလုပ်လုပ်ပေးနေသူ အမျိုးသားတစ်ယောက်ဟာ ရောဂါကူးစက်ခံရပြီး၊ မိဘနှစ်ပါးနဲ့ ညီမတွေကိုပါ ကူးစက်ခဲ့ပါတယ်။ သီတင်းပတ်တစ်ခုအတွင်း မိသားစုဝင်သုံးယောက်လုံး ဆုံးသွားခဲ့ပြီး၊ ညီမတစ်ယောက်သာ ကျန်ခဲ့တဲ့အဖြစ်ဆိုးရှိခဲ့တယ်လို့ New York Post မှာ ရေးသားထားပါတယ်။

◾အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ COVID-19 ရောဂါပိုး သတ်နိုင်ဖို့ ခရမ်းလွန်ရောင်ခြည်သုံး ပိုးသတ်ပေးတဲ့ စက်ရုပ်ကို ဂျပန်မှာ စတင်သုံးမယ်လို့ဆိုပါတယ်။ ခရမ်းလွန်ရောင်ခြည်ရဲ့လှိုင်းအလျား ၂၀၀နဲ့ ၃၁၅ နာနိုမီတာအတွင်း အလင်းထုတ်လွှတ်ပေးပြီး၊ ၂ မိနစ်အတွင်း သေစေနိုင်တယ်လို့ နစ်ကေး သတင်းမှာ ရေးသားထားပါတယ်။

◾ဗီယက်နမ်နိုင်ငံဟာ သူ့နိုင်ငံတွင်းက ထုတ်လုပ်သူတွေကို COVID-19 ကပ်ဘေး နောက်တကျော့မလာခင်မှာ အသက်ကူရှုစက်ပေါင်းများစွာ ထုတ်လုပ်နိုင်ဖို့ အားပေးနေကြောင်း နစ်ကေးသတင်းမှာ ရေးသားထားပါတယ်။

◾COVID -19 ရောဂါအတွက် အရေးပေါ်ကုသဆေးအဖြစ် အမေရိကန်အစိုးရ အစားစာနှင့် ဆေးဝါးကွက်ကဲရေးဌာနက အတည်ပြုထားတဲ့ Remdesivir ဆေးဝါးထုတ်လုပ်သူ Gilead ကုမ္ပဏီရဲ့ စီအီးအိုက ယခုတစ်ပတ်အတွင်း ဆေးတွေကို လူနာတွေဆီရောက်အောင် ဆောင်ရွက်နေပါတယ်။ ဆေးတွေကို နိုင်ငံရဲ့ ဘယ်အပိုင်းက အရင်လိုအပ်လဲဆိုတာ အစိုးရနဲ့ ညှိနှိုင်းပြီး ဆေးတွေကိုလည်း အမေရိကန်အတွက် လှူဒါန်းတာဖြစ်ကြောင်း CNBC မှာ ရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here