COVID -19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
286

• ရောဂါ ကူးစက်ခံရသူ – ၉၆၁, ၃၄၃ ဦး
• သေဆုံးသူ – ၄၉, ၁၆၀ ဦး
• ပြန်လည်ကျန်းမာလာသူ – ၂၀၃, ၁၅၃ ဦး

?နောက် ၂၄ နာရီအတွင်းမှာ Covid-19 ရောဂါကူးစက်ခံရသူပေါင်း ၁ သန်း ပြည့်သွားတော့မယ်လို့ theprovince.com မှာ ရေးသားထားပါတယ်။

?Covid-19 ကပ်ရောဂါဖြစ်နေစဉ်အတွင်း အမေရိကန်နိုင်ငံက အလုပ်လက်မဲ့အရေအတွက်ဟာ ၆.၆ သန်းထိရှိလာ ကြောင်း fox သတင်းမှာ ရေးသားထားပါတယ်။

?TB ရောဂါ ကာကွယ်ဆေးထိုးထားသူတွေမှာ Covid-19 ရောဂါ ကူးစက် ခံရတာ နည်းပြီး သေဆုံးမှုလည်း နည်းကြောင်း လေ့လာမှုတစ်ခုက ဆက်စပ်ချက် တစ်ခုတွေ့ရှိထားတယ်လိုု့ south china morning post မှာရေးသားထားပါတယ်။

?စပိန်နိုင်ငံမှာ တစ်ရက်တည်းနဲ့ သေဆုံးသူ ၉၅၀ ကျော်တဲ့အတွက် အမြင့်ဆုံးဖြစ်နေပြီး၊ စုစုပေါင်း သေဆုံးမှုဟာ တစ်သောင်းကျော်သွားပါပြီ။ ဒါပေမဲ့ မကြာခင် သေဆုံးမှု ကျဆင်းသွားမယ်လို့ မျှော်လင့်ကြောင်း Bloomberg မှာ ရေးသားထားပါတယ်။

?ဂျပန်မှာ Covid-19 ရောဂါ နဲ့ ပတ်သက်ပြီး အရေးပေါ်ရောက်ခါနီးနေပြီး ကျောင်းတွေကိုလည်း မေလထိ ဆက်ပိတ်ထားမယ်လို့ ဆိုပါတယ်။ ခုချိန်ထိ ကူးစက်ခံရသူ၂၂၀၀ ခန့် နဲ့ သေဆုံးသူ ၆၆ ယောက်ခန့်ရှိပြီး ၊ကူးစက်မှုက ဆက်လက်မြင့်တက်နေတယ်လို့ CNA မှာရေးသားထားပါတယ်။

?အိုင်ယာလန်နိုင်ငံမှာ သူနာပြုပေါင်း ၁၀၀၀ ကျော်ဟာ ကိုဗစ်ရောဂါတိုက်ဖျက်ကုသရေးမှာ ပါဝင်ဖို့ စာရင်းပေးလာတယ်လို့ dublinlive.ie မှာ ရေးသားထားပါတယ်။

?နိုက်ဂျီးရီးယားမှာရောက်နေတဲ့ Covid-19 ရောဂါကူးစက်ခံနေရသူ အမေရိကန် နိုင်ငံသားတွေကို သွားကယ်မယ်လို့ အမေရိကန်နိုင်ငံက ပြောကြောင်း premiumtimesng.com မှာရေးသားထားပါတယ်။

?အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်၊အီရန်နဲ့ ရုရှားနိုင်ငံဟာ Covid-19 ရောဂါနဲ့ပတ်သက်ပြီး သတင်းမှားတွေဖြန့်ပြီး ရှုပ်ထွေးအောင် လုပ်နေတယ်လို့ VOA သတင်းမှာ ရေးသားထားပါတယ်။

?တရုတ်နိုင်ငံ ဟူဘေးမြို့မှာ Covid-19 ရောဂါကူးစက်ခံရသူအသစ် ၃၅ ယောက်ထပ်တွေ့ရပြီး အဲဒီ လူတွေဟာ ပြင်ပကနေကူးလာတာလို့ ဆိုပါတယ်။ ခုချိန်ထိ ကူးစက်ခံရသူပေါင်း ၈၁ ၅၈၉ ရှိပြီး၊ ဆက်လက်ကုသမှုခံယူနေသူ ၁၈၆၃ ယောက် နဲ့ သက်သာလို့ ဆေးရုံက ဆင်းသွားသူ ၇၆ ၄၀၈ ဦး ရှိပါတယ် ။ သေဆုံးသူကတော့ ၃၃၁၈ ယောက်ရှိတယ်လို့ globaltimes.cn မှာ ရေးသားထားပါတယ်။

Ref: worldometers.info and world news

LEAVE A REPLY

Please enter your comment!
Please enter your name here