COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
328

• ရောဂါ ကူးစက်ခံရသူ – ၇၃၅, ၁၃၈ ဦး
• သေဆုံးသူ – ၃၄, ၈၀၆ ဦး
• ပြန်လည်ကျန်းမာလာသူ – ၁၅၆, ၁၃၇ ဦး

?ပြည်သူတွေ ကပ်ဘေးဖြစ်နေချိန်မှာ မလုပ်ပေးနိုင်တာကို ရှက်မိလို့ ဂျာမန် ဘဏ္ဍာရေးဝန်ကြီးဟာ ရထားလမ်းမှာ မိမိဘာသာ သတ်သေသွားကြောင်း south china morning post မှာ ရေးသားထားပါတယ်။

?ဂရမ်မီဆုရ ကန်ထရီ အဆိုတော် Joe Diffie ဟာ ကိုဗစ်ရောဂါနဲ့ သေဆုံးသွားကြောင်း NYtime မှာ ရေးသားထားပါတယ်။

?အာဖရိက နိုင်ငံတွေမှာ Covid-19 ရောဂါကူးစက်ခံရသူပေါင်း ၄၃၆၈ ဦး ၊သေဆုံးသူပေါင်း ၁၃၅ ဦး ၊ ပြန်လည် နလန်ထလာသူပေါင်း ၃၁၁ ဦး ရှိတယ်လို့ Africa-newsroom.com မှာရေးသားထားပါတယ်။

?တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ covid-19 ရောဂါမှာ တရုတ်အစိုးရက ကြေညာတာက သေဆုံးသူ ၃၂၀၀ ဦး ရှိတယ်ဆိုပေမယ့် အခုအချိန် ဝူဟန်မြို့ကို ပိတ်ထားရာက ပြန်ဖွင့်လိုက်ချိန်မှာ ဒေသခံတွေပြောလာတာက အမှန်တကယ်သေဆုံးမှုပေါင်း ၄၂ ၀၀၀ ကျော် ရှိတယ်လို့ ပြောကြားထားကြောင်း dailymail မှ ာရေးသားထားပါတယ်။

?အမေရိကန်နိုင်ငံ ထောက်လှမ်းဗျူရို (FBI) က အမေရိကန်ဖွား အာရှသားတွေနဲ့ကြားမှာ အမုန်းတရားကို အခြေခံတဲ့ ရာဇဝတ်မှုတွေဖြစ်လာမယ့် အရိပ်အယောင်တွေ တွေ့နေရတဲ့ အတွက် သတိပေးလာတယ်လို့ abcnews မှာ ရေးသားထားပါတယ်။

?ဂျပန်နိုင်ငံက နာမည်ကြီး ဟာသပညာရှင် ken Shimura ဟာ ကိုရိုနာ ရောဂါနဲ့ ဒီနေ့ပဲ ကွယ်လွန်သွားကြောင်း CNN သတင်းမှာ ရေးသားထားပါတယ်။

?ပြင်သစ်နိင်ငံမှာ မက်စ် ကို တရားမဝင်ရောင်းချတဲ့အတွက် (မသမာတဲ့နည်းနဲ့ ရောင်းချတဲ့အတွက်) လူ ၁၀ ယောက်ကျော်လောက်ဖမ်းဆီးခဲ့တယ်လို့ euronews မှာရေးသားထားပါတယ်။ ပြင်သစ်နိုင်ငံရေးသမား patrick devedjian လည်း ကို ဗစ်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ရေးသားထားပါတယ်။

?အိန္ဒိယ နိုင်ငံ ၊တမီနာဒူးပြည်နယ်က ထွန်းသစ်စ နည်းပညာ ကုမ္မဏီတစ်ခုက covid-19 ရောဂါ တိုက်ဖျက်ရေးအတွက် ဆေးရုံတွေကို ပိုးသတ်ဆေးဖျန်းရာမှာ ဒရုန်း (drone) နဲ့ ဖျန်းမယ်လို့ aninews မှာ ရေးသားထားပါတယ်။

Ref: worldometers.info and world news

LEAVE A REPLY

Please enter your comment!
Please enter your name here