COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
1385

• ရောဂါ ကူးစက်ခံရသူ – ၁,၆၂၁ ,၃၄၈ ဦး
• သေဆုံးသူ – ၉၇, ၁၇၉ ဦး
• ပြန်လည်ကျန်းမာလာသူ – ၃၆၆,၂၁၅ ဦး

◾အမေရိကန်နိုင်ငံမှာ Covid-19 ရောဂါနဲ့ သေဆုံးမှုများလာတဲ့အတွက် အစုလိုက် မြေမြှုပ်တာတွေ လုပ်နေရပါတယ်။ အဲသလို မြေမြှုပ်ရာမှာတော့ ဘယ်သူဘယ်ဝါမှန်း မသိသူ၊ ဆွေမျိုးမရှိသူတွေ ဖြစ်ပါတယ်။ ဒီနေ့ထိ ကူးစက်ခံရသူ ၄၆၈ ၈၉၅ ယောက်၊ သေဆုံးသူ ၁၆၆၉၇ ယောက်နဲ့ ပြန်လည်ကျန်းမာလာသူ ၂၅၉၂၈ ယောက်ရှိတယ်လို့ BBC သတင်းမှာ ရေးသားထားပါတယ်။

◾၁၉၃၀ ပြည်လွန်နှစ်တွေက မဟာစီးပွားပျက်ကပ်နောက်ပိုင်းမှာ အခုဖြစ်နေတဲ့ စီးပွားပျက်ကပ်ဟာ အဆိုးဝါးဆုံးဖြစ်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) က ပြောကြားကြောင်း BBC သတင်းမှာ ရေးသားထားပါတယ်။

◾အင်္ဂလန် သိပ္ပံပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ပေါက်ကွဲသလို ဖြစ်လာမယ့်အခြေအနေကို တွက်ဆပြီးသားဖြစ်ပေမယ့် သတိပေးဖို့ တုန့်နှေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို အခြေအနေဆိုးသွားမှာကိုလည်း အစိုးရကို အချက်ပေးလိုက်တာ မလုပ်ဖြစ်ဘူးလို့ south china morning post မှာ ရေးသားထားပါတယ်။

◾အင်ဒိုနီးရှားဟာ အာရှမှာ လူဦးရေ စတုတ္ထအထူထပ်ဆုံးဖြစ်ပြီး၊ သေဆုံးမှုမှာလည်း လူဦးရေ ၂၈၀ ကျော်နဲ့ ခုချိန်မှာ အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။ ရုတ်တရက် ကူးစက်မှုတွေ မြင့်တက်လာနေပြီး၊ ကူစက်ခံရသူ ၃၂၉၃ ယောက်ရှိတယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

◾Covid-19 ရောဂါပိုးမျိုးစိတ် ပုံစံ သုံးမျိုးရှိပြီး ပထမတစ်မျိုး(Type A) ဟာ လင်းနို့နဲ့ သင်းခွေချပ်မှာ တွေ့ရပါတယ်။ တခြားနှစ်မျိုးက ဒီအုပ်စု အောက်ကဖြစ်ပြီး ၊ အဲဒီထဲက (Type B) ဟာ တရုတ်နိုင်ငံ ဝူဟန်နဲ့ သြစတြေးလျမှာ တွေ့ရပါတယ်။ Type B ဟာ Type A က ဆင်းသက်ပြောင်းလဲလာခြင်းလည်းဖြစ်ပြီး ဝူဟန်မှာ အတွေ့ရအများဆုံးပုံစံ ဖြစ်ပါတယ်။ နောက်ဆုံး တတိယတစ်မျိုး Type C ကတော့ Type B ရဲ့ သားသမီးလို့ ဆိုနိုင်ကြောင်း ၊ စင်ကာပူနိုင်ငံကတဆင့် ကမ္ဘာကို ပြန့်နှံ့သွားကြောင်း dailymail မှာ ရေးသားထားပါတယ်။

◾ဂျာကာတာမှာ ဆိုရှယ်ဒစ်စတန့်စီး လို့ခေါ်တဲ့ ခပ်ခွာခွာနေခြင်းကို မလိုက်တဲ့သူတွေကို ထောင်ချသည်အထိ တင်းကြပ် တဲ့ စည်းကမ်းတွေချမှတ်နေတယ်လို့ နစ်ကေးသတင်းမှာ ရေးသားထားပါတယ်။

◾အီတလီနိုင်ငံမှာ Covid-19 ရောဂါ ကုသပေးနေတဲ့ ဆရာဝန်တွေထဲက ၁၀၀ ကျော်ဟာ ဒီရောဂါနဲ့ သေဆုံးခဲ့ရကြောင်း south china morning post မှာ ရေးသားထားပါတယ်။

Ref: worldometers.info and world news

LEAVE A REPLY

Please enter your comment!
Please enter your name here