COVID -19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
313

• ရောဂါ ကူးစက်ခံရသူပေါင်း – ၅၃၁ ၇၉၉ ဦး
• သေဆုံးသူပေါင်း- ၂၄ ၀၇၁ ဦး
• ပြန်လည်ကျန်းမာလာသူပေါင်း- ၁၂၃ ၉၄၂ ဦး

?Covid-19 ရောဂါပြန့်နှံ့မှု မြင့်တက်လာနေခြင်းကြောင့် အင်္ဂလန်နဲ့ ဝေလနယ်တွေက အကျဉ်းထောင်တွေမှာ ဧည့်တွေ့ခြင်းကို ယာယီပိတ်ပင်ထားလိုက်ပါပြီ။

?အီတလီနိုင်ငံမှာ ရောဂါ သံသယရှိလူနာပေါင်း ၇၄၃၈၆ ဦး ထဲက ၇၅၀၃ ဦး သေဆုံးခဲ့တဲ့အတွက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပါတယ်။

?အင်္ဂလန်မှာလည်း ရောဂါ သံသယရှိလူနာပေါင်း ၉၅၂၉ ဦး ထဲက ၄၆၅ ဦး သေဆုံးခဲ့ပါတယ်။

?အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ်မှာ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရတဲ့ အလုပ်လက်မဲ့ အရေအတွက် တရှိန်ထိုးမြှင့်တက်နေပါတယ်။

?G-20 နိုင်ငံတွေမှာ Covid-19 ကြောင့် ကမ္ဘာ့ဘဏ္ဍာရေးထိခိုက်သွားခြင်းကို ကုစားနိုင်ဖို့ ဒေါ်လာ ၅ ထရီလီယံ ထောက်ပံ့သွားမယ်ဆိုပါတယ်။

?အာရှ အလယ်ပိုင်း ကာဇစ်စတန်နိုင်ငံမှာ Covid-19 ရောဂါကြောင့် ပထမဆုံး သေဆုံးသူပေါ်ထွက်လာပါတယ်။

?အင်္ဂလန်နိုင်ငံ၊ နော်သဲန်သာန် ပြည်နယ် မြို့တော်ဝန်မှာ Covid-19 ရောဂါတွေ့ရှိ ထားပါတယ်။

?မီးဖွားပြီးစ အမျိုးသမီးတွေအနေနဲ့ ရောဂါရှိနေရင် ကလေးနဲ့ တစ်ပတ်ခန့်ခွဲနေဖို့ လိုတယ်လို့ဆိုပါတယ်။

?စပိန်နိုင်ငံမှာ တစ်ရက်အတွင်းသေဆုံးသူ ၆၅၅ ဦး ရှိခဲ့ပြီး၊ စုစုပေါင်းကူးစက်သူပေါင်း ၅၆၁၈၈ ဦး ၊ သေဆုံးသူပေါင်း ယခုအချိန်ထိ ၄၀၈၉ ဦး ရှိပါတယ်။

?အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ ထောင်သားအချင်းချင်း Covid-19 ရောဂါမကူးစက်စေဖို့၊ ခံဝန် ၊အရေးပေါ် အာမခံနဲ့ ထောင်ပေါင်း ၂၄ ခုမှာ အကျဉ်းသားပေါင်း ၂၄၀၀၀ ကျော်ခန့်ထဲက ၄၀၀၀ ကျော်ကို လွှတ်ပေးတော့မှာပါ။

?အင်္ဂလန်နိုင်ငံ လိင်အလုပ်သမားများအဖွဲ့က Covid-19 ရောဂါ ဖြစ်ပွားနေစဉ် စီပွားရေးကျဆင်းလာတဲ့အတွက် နိုင်ငံတော်က ထောက်ပံ့ပေးရန်တောင်းဆိုလာပါတယ်။

?အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ရှိုင်းယားနယ်ရှိ အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသားတစ်ယောက်ဟာ Covid-19 နဲ့ ပထမဆုံး သေဆုံးတဲ့ အကျဉ်းသားဖြစ်လာပါတယ်။ တခြားသော ထောင်သားများလည်း ဆက်လက်ကူးစက်နေတယ်လို့ဆိုပါတယ်။

?Covid-19 ကြောင့် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အိုလံပစ် ပွဲတော်ရက်ကို ရွေ့ဆိုင်းထားလိုက်ပါပြီ။

?တရုတ်နိုင်ငံ၊ ဝူဟန်မြို့က လူနာတွေကို လေ့လာရသလောက် ရောဂါရှိပြီး သေဆုံးသူ တွေထဲက ၁၉.၇ % သော လူနာတွေဟာ နှလုံးပျက်စီးပြီးသေဆုံးတယ်လို့ ဆိုပါတယ်။

Ref: worldometer and world news

LEAVE A REPLY

Please enter your comment!
Please enter your name here