• ရောဂါ ကူးစက်ခံရသူ _ ၁,၃၄၂ ,၇၇၅ ဦး
• သေဆုံးသူ _ ၇၄, ၅၆၄ ဦး
• ပြန်လည်ကျန်းမာလာသူ _ ၂၇၈, ၁၉၁ ဦး
?အိန္ဒိယနိုင်ငံမှာ ဝန်ကြီးချုပ် အပါအဝင်၊ ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့လစာရဲ့ ၃၀% ကို တစ်နှစ်တိတိ နိုင်ငံရဲ့ ကိုဗစ်တိုက်ဖျက် ရန်ပုံငွေအတွက် ထည့်ဝင်မယ်လို့ heprint.in မှာ ရေးသားထားပါတယ်။
?တရုတ်ကုမ္မဏီပေါင်း ၄၆၀, ၀၀၀ လောက်ဟာ Covid-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်သွားတဲ့အတွက် အပြီးတိုင် ပိတ်သိမ်းသွားကြောင်း south china morning post မှာ ရေးသားထားပါတယ်။
?အမေရိကန်နိုင်ငံမှာ Covid-19 ကူးစက်ခံရသူ ၃၃၇, ၀၀၀ ဦး ကျော်နဲ့ (စပိန်နှင့် အီတလီ ထက်ပိုများ) ၊ ကနေဒါနိုင်ငံမှာ ၁၅ ၉၀၀ ခန့်ရှိနေပါတယ်။ အမေရိကန် ဆေးရုံတွေမှာ စမ်းသပ် ကိရိယာပြတ်လပ်မှုတွေ ၊ PPE ဝတ်စုံ ပြတ်လတ်တာတွေ ရှိနေပြီး၊ လူနာတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အန္တရာယ်ကြုံနေရတယ်လို့ ဆိုပါတယ်။ လာမယ့် သတင်းပတ်တွေမှာ ပိုဆိုး၊ ပိုများနိုင်တယ်လို့ ဆရာဝန်တွေက ပြောဆိုထားကြောင်း ဘီဘီစီ သတင်းမှာ ဖတ်ရပါတယ်။
?အမေရိကန်နိုင်ငံ၊ တက်ကဆက်ပြည်နယ်မှာဆိုရင် အသွားအလာတွေကို စစ်သားတွေနဲ့ ကန့်သတ်နေရတာ၊ စစ်ဆေးနေရတာတွေ လုပ်နေရပါပြီ လို့လည်း ဘီဘီစီ သတင်းမှာ ရေးသားထားပါတယ်။
?Covid-19 ရောဂါ ပျံ့ပွားမှုကို ကာကွယ်ဖို့ အိန္ဒိယနိုင်ငံမှာ မတ်လ ၂၅ ရက် ကတည်းက လော့ဒေါင်း ချထားလိုက်ပါတယ်။ နှစ်ပေါင်း ၁၆၇ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ရထားလမ်းတွေကိုလည်း ပိတ်လိုက်ပါတယ်။ အဲဒီ ရထားတွဲတွေကို သုံးပြီး ယာယီ စောင့်ကြည့်လူနာ နှစ်သောင်း အတွက် နေရာပေးထားပါတယ်။ သေဆုံးသူ ၁၁၇ ယောက် ရှိလာပြီး ကူးစက်ခံရသူ ၄၂၈၈ ဦး ရှိနေတယ်လို့ CNN သတင်းမှာ ရေးသားထားပါတယ်။
?ဂျပန်နိုင်ငံမှာ Covid-19 ရောဂါ ကူးစက်ခံရသူ ၁၀၀၀ ကျော် နဲ့ သေဆုံးသူ ၈၅ ယောက်ရှိလာပြီး ဒီနေ့ အင်္ဂါနေ့မှာ နိုင်ငံတွင်း ပြည်နယ် ၆ ခုကို အရေးပေါ် အခြေအနေကြေညာမယ်လို့ ဆိုပါတယ်။ အရေးပေါ်အခြေအနေဟာ တစ်လ ကြာမြင့် မယ်လို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြောင်း BBC သတင်းမှာ ရေးသားထားပါတယ်။လူနဲ့ တိရိစ္ဆာန်ကြား COVID-19 ကူးနိုင်လို့ ထိတွေ့မှုတွေကို ကန့်သတ်လိုက်ကြောင်း အိန္ဒိယက ယနေ့ အမိန့်ထုတ်ပြန်ထားတယ်လို့ aninews မှာရေးသားထားပါတယ်။
?တောင်ကိုရီးယား နိုင်ငံမှတေ့ာ COVID -19 ရောဂါကူးစက်ခံရပြီး ပျောက်ကင်းသူ ၅၁ % မှာ ရောဂါ ပြန်ပေါ်လာတယ်လို့ ဆိုပါတယ်။ ရောဂါပိုးဟာ လူနာရဲ့ ဆဲလ်တွေ ထဲမှာ ပုန်းနေပြီး ပြန်ပေါ်လာတာတွေ့ရကြောင်း dailymail မှာ ရေးသားထားပါတယ်။
Ref: orldometers.info and world news