COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
1095

ကမ္ဘာ့သတင်း၊ ဧပြီ- ၁၉

• ရောဂါ ကူးစက်ခံရသူပေါင်း – ၂ , ၃၃၀ , ၈၈၃ ဦး

• သေဆုံးသူပေါင်း- – ၁၆၀ , ၇၅၅ ဦး

• ပြန်လည်ကျန်းမာလာသူပေါင်း – ၅၉၆ , ၄၈၈ ဦး

⬛ COVID-19 ကပ်ဘေး ဖြစ်နေစဉ်အတွင်း တရုတ်နိုင်ငံထုတ် N95 မျက်နှာတပ် များအပေါ် ဥရောပတိုင်းပြည်များမှ အပြင်းအထန် ဝေဖန်လာတဲ့အတွက်ထုတ်လုပ်သူတွေအပေါ် စည်းကမ်းတွေ တင်းကျပ်လာတယ်လို့ နစ်ကေးသတင်းမှာ ရေးသားထားပါတယ်။

⬛ အိမ်နီးချင်းတိုင်းပြည်ကြီးမှာ ရင်းနှီးမြှုပ်နှံတာတွေကို တင်းကျပ်တဲ့ စည်းမျဉ်းတွေထုတ်မယ်လို့ အိန္ဒိယနိုင်ငံက ဆိုပါတယ်။ တရုတ်နိုင်ငံမှ အနောက်တိုင်းနိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ခွာလာနေခြင်း‌ကြောင့် အခုလို ကြေညာလာတာလို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

⬛ တကမ္ဘာလုံး COVID-19 ကပ်ဘေး ဖြစ်နေစဉ်အတွင်း တရုတ်နိုင်ငံဟာ နူးကလီးယားစမ်းသပ်မှု အသေးစားတစ်ခုကို လျှို့ဝှက်လုပ်ခဲ့ကြောင်း၊ နိုင်ငံရဲ့ အနောက်မြောက်ဘက်တွင် ဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာ ဖြစ်နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားထားတာကို foxnews မှာ ရေးသားထားပါတယ်။

⬛ အမေရိကန် ဆေးရုံတချို့တွင် PPE များ ပြတ်သွားသည်အထိ လူနာများ များ ပြားလာလို့ ထမင်းချက်ရာမှာ ဝတ်တဲ့ ဝတ်စုံသာဝတ်ကြပါဟု ဆေးရုံအကြီးကဲများမှ ပြောကြောင်း guardian တွင် ရေးသားထားပါတယ်။ ယခုအချိန်ထိ အမေရိကန်နိုင်ငံတွင် သေဆုံးသူပေါင်း ၃၇,၈၈၉ ဦးနှင့် ကူးစက်ခံရသူပေါင်း ၇၁၅,၁၀၅ ဦးရှိနေပါတယ်။

⬛ အင်္ဂလန်နိုင်ငံမှာ တစ်ရက်တည်း COVID-19 ရောဂါနှင့် သေဆုံးသူပေါင်း ၈၈၈ ယောက်ရှိခဲ့သည့်အတွက် စုစုပေါင်း သေဆုံးသူ ၁၄၅၇၆ ဦး ရှိသွားပါတယ်။
ယခုအခါမှာ သုတေသနစီမံကိန်း ၂၁ ခုကို အထောက်ပံ့ပေးထားတဲ့ ကာကွယ်ဆေးရှာဖွေဖော်ဆောင်ရေးအဖွဲ့ ဖွဲ့ပေးလိုက်ပါတယ်လို့ BBC မှာရေးသားထားပါတယ်။

⬛ အိန္ဒိယရေတပ်သား ၂၆ ယောက်မှာ COVID-19 ရောဂါတွေ့ရှိရဟု thehindu.com မှာ ရေးသားထားပါတယ်။

⬛ ဂျပန်နိုင်ငံရဲ့ ဆေးရုံ ၃ ပုံ ၁ ပုံမှာ ဝန်ထုပ်ဝန်ပိုးဖြစ်နေရပြီး၊ ယခုအချိန်ထိ လူနာပေါင်း တစ်သောင်းဝန်းကျင်ကို မစီမံနိုင်ဘဲ ဆေးရုံများမှာ ခက်ခဲနေကြောင်း၊ COVID-19 ကပ်ရောဂါကူးစက်မှု လှိုင်းအသစ်သာ ထပ်ဖြစ်လာပါက ဆေးရုံစနစ်များ ပြိုလဲသွားနိုင်တယ်လို့ dailymail မှာ ရေးသားထားပါတယ်။

⬛ COVID-19 ရောဂါကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ခုခံနိုင်ဖို့ ကာကွယ်ဆေးက သင့်ရဲ့ DNA အချက်အလက်တွေကို ဖောက်ထွင်းယူတာမျိုးလုပ်ရမယ်လို့ ကာကွယ်ဆေးရှာနေတဲ့ သိပ္ပံပညာရှင်တွေက ပြောကြောင်း futurism မှာ ရေးသားထားပါတယ်။

Ref: worldometers.info and world news

LEAVE A REPLY

Please enter your comment!
Please enter your name here