COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
2817

မုံရွာ၊ ဧပြီ – ၂၀

• ရောဂါ ကူးစက်ခံရသူ – ၂ , ၄၂၁ , ၀၃၆ ဦး
• သေဆုံးသူ – ၁၆၅ , ၉၀၂ ဦး
• ပြန်လည်ကျန်းမာလာသူ – ၆၃၅ , ၇၁၉ ဦး

◾တရုတ်နိုင်ငံဟာ ဝူဟန်မြို့ မှာ ကိုဗစ်ရောဂါ ဖြစ်နေစဉ်က သေဆုံးသူစာရင်း၊ ကူးစက်သူစာရင်းမှာ လျော့ပေါ့ ရေးခဲ့တယ်လို့ ဒေသခံတချို့က ပြောကြောင်း ၊ အစစ်အမှန် ကိန်းဂဏန်းနဲ့ သာဆိုရင် အခုကမ္ဘာမှာ ဖြစ်နေတဲ့ ၂.၄ သန်းထက် ကျော်သွားမှာပါလို့ Bloomberg မှာ ရေးသားထားပါတယ်။

◾အမေရိကန် ကိုရိုနာလေ့လာရေးအဖွဲ့ရဲ့ ပြောစကားအရ ဖျားနေတဲ့ ကလေးငယ်လေးတွေကို COVID-19 သာ ကူးမယ်ဆိုရင် ကလေးဆေးရုံတွေမှာ အုံခဲ ရောက်လာနိုင်တယ်လို့ south china morning post မှာ ရေးသားထားပါတယ်။

◾တရုတ်နိုင်ငံမှာ ကနဦး ကူးစက်မှုတွေဟာ ကျနော်တို့ မျှော်မှန်းထားတာထက် နှစ်ဆ လောက် မြန်မြန်ကူးစက် တာတွေ့ရပါတယ်။ လူတစ်ယောက်က အနည်းဆုံး ၅.၇ ယောက်ကို ကူးစက်စေတယ်လို့ လေ့လာမှု တစ်ခုမှာ ဆိုထားကြောင်း south china morning post မှာ ရေးသားထားပါတယ်။

◾ကိုရိုနာဗိုင်းရပ် ဖြစ်ပွားမှုကြောင့် ထိခိုက်မှုတွေအတွက် အမေရိကန်ရှေ့နေတွေက တရုတ်ကို တရားစွဲကြောင်း၊ လျော်ကြေး ဒေါ်လာ ထရီလျံ များစွာရလိုကြောင်း၊ တရုတ်ခေါင်းဆောင် တွေက ရောဂါပျံ့ သွားလောက်အောင် ပေါ့လျော့ကြောင်း၊ သေဆုံး ကူးစက်အစီရင်ခံမှုမှာလည်း ဖုံးကွယ်ထားကြောင်း dailymail မှာ ရေးသားထားပါတယ်။

◾သြစတေးလျရဲ့ အဓိက မြို့ကြီးတွေမှာ သုံးရက်အတွင်း ကူးစက်မှု မရှိခဲ့ကြောင်း dailymail မှာ ရေးသားထားပါတယ်။

◾တောင်ကိုရီးယားနိုင်ငံမှာ ကွာရင်တင်း ချိုးဖောက်သူကို သိဖို့ လက်ပတ်တွေသုံးမယ်လို့ နစ်ကေး သတင်းမှာ ရေးသားထားပါတယ်။ ကမ္ဘာမှာ ရောဂါပျောက်ကင်းလို့ ပြန်ဖြစ်သူ အများဆုံး တွေ့ရတဲ့ နိုင်ငံလို့ဆိုကြောင်းလည်း south china morning post မှာ ရေးသားထားပါတယ်။

◾လော့ဒေါင်းချ ထားတာတွေကို ကာကွယ် ဆေးမတွေ့မချင်း လုံးဝ ဖယ်ရှားတာ မလုပ်သင့်သေးဘူးလို့ လေ့လာမှုတစ်ခုက ပြောကြောင်း CNN မှာရေးသားထားပါတယ်။

◾ဆော်ဒီအာရေးဗျ နိုင်ငံမှာ ကိုဗစ်စမ်းသပ်စစ်ဆေးမှု ၁၈၀ ၀၀၀ ထိ ဆောင်ရွက်ထားပြီး ကူးစက်ခံရ သူ ၉၃၆၂ ယောက်ရှိပါတယ်။တနင်္ဂနွေနေ့က လူနာ အသစ် ၁၀၈၈ ယောက် မှာတော့ ၈၂ % ဟာ နိုင်ငံခြားသားတွေဖြစ်ပြီး ၁၇ % သာ နိုင်ငံသားများ ဖြစ်ပါတယ်။ လက်ရှိထိ စုစုပေါင်း သေဆုံးမှု ၉၇ ယောက်သာရှိတယ်လို့ arabnews မှာ ရေးသားထားပါတယ်။

◾ကိုရိုနာဗိုင်းရပ်ဟာ ပြောင်းလဲမှုတွေဖြစ်နေကြောင်း၊ ဒါကြောင့်သာ လူတွေက ခံနိုင်စွမ်း လျော့လာကြောင်း နာမည်ကြီး ကာကွယ်ဆေးပညာရှင်က ပြောပါတယ်။ သူက ဆက်ပြီး ဒါကြောင့်သာ လူတွေကို ရောဂါကပ် ထဲကနေဆွဲထုတ်မရဖြစ်နေတာ၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ကုန်တာလို့ ဆိုကြောင်းလည်း express.co.uk မှာ ရေးသားထားပါတယ်။

Ref: worldometers.info and world news

LEAVE A REPLY

Please enter your comment!
Please enter your name here