COVID -19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
971

ကမ္ဘာ့သတင်း၊ ဧပြီ- ၂၅

• ရောဂါ ကူးစက်ခံရသူ – ၂ , ၈၂၆ , ၈၆၉ ဦး
• သေဆုံးသူ – ၁၉၆, ၉၈၁ ဦး
• ပြန်လည်ကျန်းမာလာသူ – ၇၉၈ , ၂၉၅ ဦး

◾သန်း ၄၀ သော ကိုဗစ်နဲ့ပတ်သက်တဲ့ ပို့စ်တွေကို ဖေ့စ်ဘွတ်ခ်က သတိပေးထားသလို၊ တချို့ပို့စ်တွေကို ဖြုတ်ချလိုက်တယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်လွဲစေတာမျိုးတွေ ဖြစ်စေတဲ့အတွက် လုပ်ရတာလို့လည်း Bloomberg မှာ ရေးသားထားပါတယ်။

◾အမေရိကန် သမ္မတအိမ်ဖြူတော်က ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ နှိမ်နင်းရေးအဖွဲ့ ရှင်းလင်းပွဲမှာ တံတွေးထဲက ရောဂါပိုးဟာ ပိုးသတ်ဆေးနဲ့ သတ်နိုင်ကြောင်း၊ အသက်ရှုအင်္ဂါထဲက အရည်ထဲမှာ ပိုးရှိနေရင် ပိုးသတ်ဆေးနဲ့ သတ်ဖို့ ၅ မိနစ်သာကြာနိုင်ကြောင်း၊ အရက်ပျံဟာ မြန်မြန် ပိုးကို သေစေနိုင်ကြောင်း ရှင်းလင်းပါတယ်။ ဒါ့အပြင် ထရမ့်က နေရောင်ခြည်ကလည်း ပိုးသေစေနိုင်ကြောင်း၊ ပိုးသတ်ဆေးဟာ တစ်မိနစ်အတွင်း သေစေနိုင်တယ်ဆိုရင် ခန္ဓာကိုယ်ထဲ ထိုးသွင်းတဲ့နည်းလည်း ဖြစ်နိုင်တာပဲလို့ ပြောအပြီးမှာ ပိုးသတ်ဆေး ကုမ္ပဏီတွေက “မည်ကဲ့သို့သော အခြေအနေဖြစ်ပါစေ ပိုးသတ်ဆေးကို သောက်သုံးတာ၊ ထိုးသွင်းတာ မလုပ်သင့်ပါ” လို့ ကြေညာချက်အသီးသီး ထုတ်ပြန်လာကြတယ်လို့ BBC သတင်းမှာ ရေးသားထားပါတယ်။

◾ တရုတ်နိုင်ငံလုပ် COVID-19 ရောဂါ ကုထုံးတစ်ခုဖြစ်တဲ့ ကိုယ်ခံအား စစ်ဆေးနည်းဟာ သံသယဖြစ်စရာ ရလဒ်တွေရှိနေတာကြောင့် အိန္ဒိယနိုင်ငံက ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာပါတယ်။

◾တရုတ်နိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ကိုဗစ်တိုက်ဖျက်ရေးအတွက် ဒေါ်လာသန်း ၃၀ လှူလိုက်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ကိုဗစ်တိုက်ဖျက်ရေး အရှိန်မြှင့်ဆောင်ရွက်ဖို့ အစည်းဝေး တစ်ခုလုပ်ခဲ့ရာမှာ အမေရိကန်ဘက်က မပါဝင်ခဲ့ဘူးလို့ နစ်ကေးသတင်းမှာရေးသားထားပါတယ်။

◾ကုလသံအမတ်ဟောင်းဖြစ်သူ နစ်ကီဟလေးက အမေရိကန်လွှတ်တော်ကို တရုတ်နိုင်ငံရဲ့ ကိုဗစ်ကိစ္စ ကိုင်တွယ်ပုံတွေ၊ ကွန်မြူနစ်အစိုးရရဲ့ ပါဝင်ပတ်သက်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုလိုက်ကြောင်း fox သတင်းမှာ ရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here