COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
1084

ကမ္ဘာ့သတင်း၊ ဧပြီ -၂၇

• ရောဂါ ကူးစက်ခံရသူ – ၂ , ၉၉၄ , ၇၉၅ ဦး
• သေဆုံးသူ – ၂၀၆ , ၉၉၅ ဦး
• ပြန်လည်ကျန်းမာလာသူ – ၈၇၈ , ၈၂၄ ဦး

◾COVID-19 ရောဂါရှိသူနှစ်ဦးကို တရုတ်နိုင်ငံ ဝူဟန်တက္ကသိုလ်ဆေးရုံမှာ ဧပြီလ ၂၀ ရက် နဲ့ ၂၄ ရက်က အဆုတ်အစားထိုးလဲလှယ် ကုသတာ အခြေအနေ ကောင်းမွန်နေကြောင်း globaltimes မှာ ရေးသားထားပါတယ်။

◾အင်္ဂလန် အစိုးရဟာ လော့ဒေါင့်ဖယ်ရှားရေး အဖက်ဖက်က ဖိအားတွေရှိနေပေမယ့် သေဆုံးမှု ကျဆင်းတဲ့အကြောင်းရင်းကို ထည့်တွက်ပြီး လော့ဒေါင်းကို ဖယ်ရှား ချင်နေပါတယ်။ ဒါပေမဲ့ ကပ်ဘေးရောဂါပညာရှင် ပါမောက္ခ နေးဖာဂူဆန် ပြောစကားအရ စောစောလော့ဒေါင်းဖယ်လိုက်ရင် သေဆုံးသူက တစ်သိန်းကျော်သွားမယ်လို့ ဆိုပါတယ်။ ခုချိန်ထိ သေဆုံးသူ ၂ သောင်းကျော်ရှိနေတယ်လို့ standard.co.uk မှာ ရေးသားထားပါတယ်။

◾ဥဇဘက်ကစ္စတန်နိုင်ငံနဲ့ တရုတ်နိုင်ငံဟာ တယ်လီဆေးပညာ(telemedicine) လို့ခေါ်တဲ့ စနစ်တစ်ခုကို ကိုဗစ်တိုက်ဖျက်ရေးမှာ စတင်အသုံးချလာပါတယ်။ အဲဒီစနစ်မှာ ဆေးဘက်ဆိုင်ရာ တိုင်ပင်နှီးနှောနိုင်ခြင်း၊ ကိုဗစ်ဆိုင်ရာ ရောဂါ ဆန်းစစ်ချက်ပေးနိုင်ခြင်း၊ တရုတ်နိုင်ငံရဲ့ ကပ်ရောဂါဆိုင်ရာ အတွေ့ကြုံတွေကိုလည်း ဝေမျှနိုင်ခြင်းတို့ပါဝင်ကြောင်း ဆင်ဟွာသတင်းမှာ ရေးသားထားပါတယ်။

◾အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါရှိသူ ၂၂ % ကို ကုသပေးနိုင်တယ်လို့ ဆိုပါတယ် ။ လက်ရှိထိ ကူးစက်ခံထားရသူ ၂၆,၉၁၇ ယောက်နဲ့ သေဆုံးသူ ၈၅၀ ခန့်ရှိ နေပါတယ်။ လော့ဒေါင်း စောစောချလိုက်တဲ့အတွက် ကူးစက်မှုများတဲ့ နေရာတွေလည်း လျော့လာကြောင်း Outlookindia မှာ ရေးသားထားပါတယ်။

◾အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဟာ အရင်တပတ်က IKEA စတိုးဆိုင်တွေ ဖွင့်ခွင့်ပေးလိုက်တာ မှားယွင်းသွားကြောင်း၊ အခုဆို ကူးစက်ခံရသူ ၁၅၀၀၀ ကျော် နဲ့​ သေဆုံးသူ၂၀၀ ကျော်သွားတယ်လို့ jns.org မှာ ရေးသားထားပါတယ်။

◾COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ကျူးဘားနိုင်ငံဟာ ဆရာဝန် အယောက် ၂၀၀၊ ဆေးဝန်ထမ်း ၁၂၀၀ ကို ဆေးပစ္စည်းတွေနဲ့အတူ တောင်အာဖရိက ၂၂ နိုင်ငံကို စေလွှတ်လိုက်တယ်လို့ bbc သတင်းမှာ ရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here