COVID -19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
986

ကမ္ဘာ့သတင်း၊ ဧပြီ -၂၈

• ရောဂါ ကူးစက်ခံရသူ – ၃ , ၀၈၅ , ၀၂၃ ဦး
• သေဆုံးသူ – ၂၁၂ , ၅၂၈ ဦး
• ပြန်လည်ကျန်းမာလာသူ – ၉၃၄ , ၅၄၉ ဦး

◾အင်္ဂလန်နိုင်ငံက တချို့ကလေးတွမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ Kawasaki ရောဂါအသစ်ကြောင့် ဆေးရုံလာတင်ရတဲ့ ကလေးတွေများနေပြီး သေဆုံးတာတွေလည်း ရှိလာတယ်လို့ metro.co.uk မှာ ရေးသားထားပါတယ်။

◾အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံက COVID-19 ရောဂါ စမ်းသပ်ကိရိယာတွေကို မှာယူရာမှာ သုံးမရတာ၊ ဈေးများလွန်းတာကြောင့် မှာထားတဲ့ အမှာစာကို ဖျက်လိုက်တယ်လို့ South China Morning Post မှာ ရေးသားထားပါတယ်။

◾အရှေ့တောင်အာရှဟာ COVID-19 ရောဂါ ကူးစက်ဒေသဖြစ်လာနိုင်ပြီး ဒေသတစ်ခုလုံး အတိုင်းအတာအရ လက်ရှိမှာ လူဦးရေ ၂၈,၀၀၀ ခန့် ကူးစက်ခံထားရပါတယ်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူတို့ဟာ ကူးစက်မှုပေါင်းရဲ့ ၈၇.၉% ရှိနေပြီး၊ ကူးစက်ခံရသူ ထောင်ပေါင်းများစွာဟာ မစစ်ရသေးလို့သာ မတွေ့တာ ဖြစ်နိုင်ကြောင်း CNBC မှာ ရေးသားထားပါတယ်။

◾COVID-19 ရောဂါကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ဘီလီယံ ၁၆၀ ခန့်အတွက် တရုတ်နိုင်ငံကို တောင်းဆိုမယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြောင်း Dailymail မှာ ရေးသားထားပါတယ်။

◾ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက COVID-19 ရောဂါအတွက် ဆေးဖြစ်တဲ့ Remdesivir ကို မြန်မြန်အတည်ပြုချင်ကြောင်း ပြောဆိုထားတာကို နစ်ကေးမှာ ရေးသားထားပါတယ်။

◾အမေရိကန်စစ်တပ်မှာ COVID -19 ရောဂါ ကူးစက်ခံရသူ ၆၅၆၈ ယောက်နဲ့ သေဆုံးသူ ၂၇ ယောက်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သတင်းထုတ်ပြန်တာကို Sputniknews မှာ ရေးသားထားပါတယ်။ တနိုင်ငံလုံးအနေနဲ့ ကူးစက်ခံရသူ ၁ ၀၁၀,၅၀၇ ဦး နဲ့ သေဆုံးသူ ၅၆,၈၀၃ ဦး ရှိနေပါတယ်။

◾စင်ကာပူနိုင်ငံမှာ ဒီနေ့ တစ်ရက်ထဲတင် ရောဂါကူးစက်ခံရသူ ၅၂၈ ယောက် ရှိပြီး စုစုပေါင်းကူးစက်ခံရသူ ၁၄,၉၅၁ ယောက်ရှိနေပါတယ်။ ကူးစက်မှုအသစ်ထဲမှ ၈ ယောက်သာ နိုင်ငံသားဖြစ်ပြီး၊ ကျန်တာက ရွေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။ ဒီနေ့အထိ သေဆုံးမှု ၁၄ ယောက်ရှိနေပါတယ်လို့ CNA သတင်းမှာ ရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here