COVID -19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
799

မုံရွာ၊ ဧပြီ -၂၉

• ရောဂါ ကူးစက်ခံရသူ – ၃ , ၁၃၈ , ၃၆၉ ဦး
• သေဆုံးသူ – ၂၁၇ , ၉၈၃ ဦး
• ပြန်လည်ကျန်းမာလာသူ – ၉၅၅ , ၈၁၁ ဦး

◾ပေါ်တူဂီနိုင်ငံဟာ အရေးပေါ်အခြေအနေ ကြေညာထားတာကို မေလ ၂ ရက်မှာ ရုတ်သိမ်းပေမယ့် ကပ်ဘေးပြီးသွားလို့မဟုတ်ဘဲ၊ စီးပွားရေး ပြန်ဖွင့်သွားဖို့ဖြစ်ကြောင်း သမ္မတက အလေးထားပြောပါတယ်။ နိုင်ငံအဝှမ်း သေဆုံးသူ ၉၄၈ ယောက်နဲ့ ကူးစက်ခံရသူ ၂၄,၃၂၂ ယောက်ရှိတယ်လို့ BBC မှာ ရေးသားထားပါတယ်။

◾အင်္ဂလန်နိုင်ငံကျန်းမာရေးဌာနက ဆရာဝန်တစ်ယောက်ဟာ COVID -19 ရောဂါနဲ့ သေဆုံးသွားတဲ့အတွက် သူ့ရဲ့သားက ကျန်းမာရေးဝန်ကြီးရဲ့ ကိုဗစ်အပေါ် တုန့်ပြန် ဆောင်ရွက်မှု အမှားတွေကြောင့်သာ သေဆုံးရခြင်းဖြစ်လို့ လူသိရှင်ကြား တောင်းပန်ပေးဖို့ တောင်းဆိုလိုက်ကြောင်း BBC မှာ ရေးသားထားပါတယ်။

◾နယ်သာလန်နိုင်ငံမှာ COVID-19 ရောဂါ အသစ်ကူးစက်သူ ၁၇၁ ဦး ရှိလာပြီး စုစုပေါင်း ၃၈,၄၁၆ ယောက် ကူးစက်ခံထားရပါတယ်။ သေဆုံးသူလည်း ၄၈ ယောက်ထပ်တိုးလာလို့ စုစုပေါင်း ၄၅၆၆ ယောက်သေဆုံးခဲ့ကြောင်း ကျန်းမာရေးဌာနက ​​ပြောပါတယ်။

◾COVID-19 ရောဂါဖြစ်နေစဉ် တရုတ်နိုင်ငံဟာ သူ့ရဲ့ လွမ်းမိုးနိုင်မှုကို ကမ္ဘာ့နေရာ အတော်များများထိ ချဲ့ထွင်လာတယ်လို့ အမေရိကန်အကြံပေးတွေက ဆိုပါတယ်။ ပုံရိပ်ပျက်စီးသွားလို့ လုပ်နေရာတာလို့ အလေးပေးပြောထားပြီး၊ တရုတ်နိုင်ငံနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက လက်တွဲ ဆောင်ရွက်တာတွေ မလုပ်တော့ဘူးလို့ South China Morning Post မှာ ရေးသားထားပါတယ်။

◾အမေရိကန် တစ်သန်းလောက် COVID -19 ကူးစက်ခံရတာ၊ သေဆုံးသူ ၅၆ ၀၀၀ ခန့်ရှိတာတွေအတွက် ထရမ့်က တရုတ်အပေါ် မကျေနပ်ကြောင်း၊ လူ့အသက်ပေါင်းများစွာ ပေးဆပ်လိုက်ရကြောင်း South China Morning Post မှာ ရေးသားထားပါတယ်။

◾အင်္ဂလန်နိုင်ငံရဲ့ သေဆုံးမှုကိန်းဂဏန်းဟာ ၂၁,၇၃၁ ဦး ဖြစ်ပေမယ့် တကယ့် လက်တွေ့မှာ ၅၅ % ခန့် ပိုများသွားနိုင်တယ်လို့ ဆိုပါတယ်။ အခုစာရင်းဟာ ဆေးရုံသေဆုံးသူတွေသာဖြစ်ပြီး၊ တခြားသော နေရာတွေက သေဆုံးစာရင်း မပါဝင်သေးဘူးလို့ Dailymail မှာ ရေးသားထားပါတယ်။

◾နိုက်ဂျီးရီးယားရှေ့နေတွေက တရုတ်နိုင်ငံကို COVID-19 ရောဂါကပ်ဘေးနဲ့ပတ်သက်ပြီး လျော်ကြေး ဒေါ်လာဘီလီယံ ၂၀၀ ရလိုကြောင်း တောင်းဆိုလိုက်တယ်လို့ Dailypost မှာ ရေးသားထားပါတယ်။ သေဆုံးတာတွေ၊ စီးပွားရေးပျက်တာတွေ၊ ကြောက်ရွံ့မှုတွေ၊ ခက်ခဲ ပင်ပန်းမှုတွေ၊ လူမှုအခြေပျက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ နိုက်ဂျီးရီးယားပြည်သူတွေ နေ့စဉ်ဘဝက ခွဲထွက်နေထိုင်ရတာတွေကြောင့်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here