COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
771

ကမ္ဘာ့သတင်း၊ မေ- ၃


• ရောဂါ ကူးစက်ခံရသူ – ၃,၅၀၄ ,၃၆၄ ဦး
• သေဆုံးသူ – ၂၄၅, ၁၈၅ ဦး
• ပြန်လည်ကျန်းမာလာသူ – ၁ ,၁၂၉, ၃၄၂ ဦး

◾ရုရှားနိုင်ငံဟာ တရက်အတွင်း လူဦးရေတသောင်းနီးပါး COVID- 19 ကူးစက်ခံရတဲ့အတွက် ကမ္ဘာပေါ်မှာ တရက်အတွင်း ကူးစက်ခံရမှုအများဆုံး စံချိန်သစ် တင်သွားပါတယ်။ လက်ရှိထိ ကူးစက်ခံရသူ ၁၂၄,၀၅၄ ဦးနဲ့ သေဆုံးသူ ၁၂၂၂ ဦး ရှိနေပါတယ်။

◾အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ကိုဗစ်ရောဂါနဲ့ ဆေးရုံတက်ခဲ့ရစဉ်က အသက်ရှင်နိုင်နှုန်း ၅၀/၅၀ ဖြစ်နေတဲ့အတွက် အသက်ကူရှုကိရိယာ ထည့်ရမလားအထိ ဆရာဝန်တွေက စဉ်းစားခဲ့ရပြီး၊ သူ သေဆုံးသွားမလားဆိုတာကို ကြေညာဖို့အထိ ပြင်ဆင်ထားခဲ့ရကြောင်း COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ Dailymail မှာ ရေးသားထားပါတယ်။

◾တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ရောဂါ အသစ်ဖြစ်ပွားသူ နှစ်ပတ်အတွင်း ၁၅ ယောက်သာရှိတဲ့အတွက် ကူးစက်နှုန်းကျဆင်းသွားပါတယ်။ လက်ရှိအထိ စုစုပေါင်းကူးစက်ခံရသူ ၁၀,၇၃၉ ယောက်နဲ့ သေဆုံးသူ ၂၅၀ ဦး ရှိပါတယ်။ ဒါကြောင့် ဒီအခြေအနေဟာ ပုံမှန်ပြန်ဖြစ်သွားတဲ့ သဘောရှိတယ်လို့ Koreaherald မှာ ရေးသားထားပါတယ်။

◾ဘရာဇီးနိုင်ငံမှာ COVID- 19 နဲ့ သေဆုံးမှု ရုတ်တရက်မြင့်လာတဲ့အတွက် လူအစုလိုက်မြှုပ်နှံဖို့ လုပ်လာရပါတယ်။ တောင်အမေရိကတိုက်ရဲ့ နိုင်ငံတိုင်းနီးပါးနဲ့ ထိစပ်နေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း ကူးစက်လာမှာ စိုးရိမ်နေကြပါတယ်။ အမေဇုန်မြို့မှာဆိုရင် အခေါင်းတွေ ပြတ်လပ်သွားတဲ့အထိ ဖြစ်သွားရတယ်လို့ South China Morning Post မှာ ရေးသားထားပါတယ်။

◾ကမ္ဘာကျော်အဆိုတော် မက်ဒေါနားမှာ COVID-19 ရောဂါ ရှိနေကြောင်း Dailymail မှာ ရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here