COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
1226

ကမ္ဘာ့သတင်း၊ မေ- ၅

• ရောဂါ ကူးစက်ခံရသူ – ၃,၆၇၁ ,၈၁၂ ဦး

• သေဆုံးသူ – ၂၅၃, ၂၄၁ ဦး

• ပြန်လည်ကျန်းမာလာသူ – ၁ ,၂၁၁,၂၀၉ ဦး

◾COVID-19 ရောဂါကာကွယ်ဆေးကို လူနဲ့ စတင်စမ်းသပ်နေပြီလို့ Pfizer ဆေးကုမ္ပဏီက ပြောကြားလိုက်ပါတယ်။ Pfizer ဟာ အောင်မြင်ပြီး ဘေးကင်းတဲ့ ကာကွယ်ဆေးကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီများစွာထဲက တစ်ခုဖြစ်ပြီး အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့လည်း NYtimes မှာ ရေးသားထားပါတယ်။

◾ကိုရိုနာဗိုင်းရပ်စ်နဲဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေဟာ တိုင်ယင်နာမင်ရင်ပြင်မှာ အစုလိုက်သတ်ဖြတ်ခဲ့တဲ့ ကိစ္စလိုပဲ နိုင်ငံတကာရဲ့ဝေဖန်မှုတွေ ခံရနိုင်တယ်လို့ တရုတ်ပြည်တွင်းပညာရှင်တွေကပြောကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

◾အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ တစ်ရက်အတွင်း ၄၈၄ ယောက်ရှိသွားတဲ့အတွက်၊ စုစုပေါင်း ၁၂,၀၇၁ ကျော်သွားပါပြီ။ သေဆုံးသူ လည်း ၈၇၂ ယောက်ရှိတယ်လို့ CNA မှာ ရေးသားထားပါတယ်။

◾အင်္ဂလန်နိုင်ငံရဲ့ သေဆုံးနှုန်း ဟာ ၃၂,၀၀၀ ဦး ကျော်သွားတဲ့အတွက် ဥရောပတခွင်မှာ အမြင့်ဆုံး ဖြစ်သွားပါတယ်။ အီတလီရဲ့ သေဆုံးနှုန်းဟာ ၂၉,၀၂၉ ယောက်ဖြစ်တယ်လို့ guardian မှာ ရေးသားထားပါတယ်။

◾COVID-19 ဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပေါ်ပေါက်ခဲ့တာ သံသယဖြစ်စရာမလိုကြောင်း ထရမ့်က fox news နဲဲ့ တွေ့ ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ ဖုံးကွယ်ထားပြီး အမှားကြီးမှားသွားကြောင်း၊ ဝူဟန်ကနေ လူပေါင်းများစွာ ထွက်ပြေးစေခဲ့ပြီး တကမ္ဘာလုံးကို ကူးစက်စေခဲ့ကြောင်း ထရမ့်က ဆက်ပြောကြားပါတယ်။

◾အိပ်စက်ခြင်းဟာ COVID-19 ရောဂါကို အနိုင်ယူတိုက်ခိုက်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်ခံအားစနစ်ကို မြင့်တက်ကောင်းမွန်စေဖို့ အရေးကြီးပြီး၊ ဗိုင်းရပ်စ်ကို တိုက်ခိုက်ရာမှာ အဓိကကျတဲ့ လက်နက်လည်းဖြစ်တယ်လို့ dailymail မှာ ရေးသားထားပါတယ်။

◾ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေကို တန်ဇန်နီးယားနိုင်ငံမှာ ညဘက်မြေမြုပ်တာနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ပြန့်သွားတဲ့အတွက် အစိုးရကို ဝေဖန်နေပါတယ်။ တင်းကျပ်တဲ့ လော့ဒေါင်းတော့ချမထားခဲ့ပေမယ့် လူစုလူဝေးမလုပ်ဖို့တော့ တားမြစ်ထားပါတယ်။ အစိုးရဘက်ကလည်း ညဘက် သဂြိုလ်တာ မလုပ်တော့ပါဘူးလို့ ဆိုထားကြောင်း bbc သတင်းမှာ ရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here