COVID- 19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
1017

ကမ္ဘာ့သတင်း၊ မေ- ၁၀

• ရောဂါ ကူးစက်ခံရသူ – ၄ , ၁၂၆ , ၆၃၉ ဦး
• သေဆုံးသူ – ၂၈၀ , ၉၇၄ ဦး
• ပြန်လည်ကျန်းမာလာသူ – ၁ , ၄၅၃ , ၂၇၅ ဦး

◾အမေရိကန်နိုင်ငံ ကိုရိုနာတိုက်ဖျက်ရေးအဖွဲ့ရဲ့အကြီးအကဲလည်းဖြစ်၊ ကိုရိုနာ ရေးရာကျွမ်းကျင်သူ Dr. Anthony Fausi နဲ့ ကိုဗစ် တိုက်ဖျက်ရေးအဖွဲ့ ဝင်ဖြစ်သူ၊ကူးစက်ရောဂါနှိမ်နင်းရေး ဒါရိုက်တာ Dr. Robert Redfield အပါအဝင် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန အကြီးကဲ Stephen Hahn တို့မှာ ကိုရိုနာ COVID-19 ကူးစက်ခံထားရပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ကိုယ့်ဘာသာကိုယ် မသွားမလာရ ကန့်သတ်နေထိုင်နေပြီလို့ South China Morning Post မှာ ရေးသားထားပါတယ်။

◾လော့ဒေါင်းကာလ ကြာရှည်တော့ အိမ်မှာနေရင်း ကလေးထိန်းရ၊ စျေးဝယ်ရ စတဲ့ ကိစ္စတွေအပြင် မိသားစု ငွေရေးကြေးရေးတွေပါလာတဲ့အခါ ဟောင်ကောင်က အိမ်ထောင်သည်တွေဟာ ကွာရှင်းဖို့အထိ မိသားစုရှေ့နေတွေဆီ ဖုန်းဆက်စုံစမ်းမေးမြန်းလာတာတွေ များလာတယ်လို့ South China Morning Post မှာ ရေးသားထားပါတယ်။

◾တရုတ်သမ္မတ ယှီကျင့်ပင်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံ COVID-19 စဖြစ်စဉ်က လူအချင်းချင်း ကူးစက်တတ်တဲ့အချက်ကို ထိန်းသိမ်းထားဖို့အပြင် ဒီရောဂါဟာ ကပ်ရောဂါဖြစ်တယ်လို့ ကြေညာချက်ကို မထုတ်ပြန်သေးဘဲ ထိန်းထားဖို့ ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခဲ့တယ်လို့ Dailymail မှာ ရေးသားထားပါတယ်။

◾အနောက်တိုင်းမှာ အဖြစ်များလာတဲ့ ကာဝါဆကီရောဂါ (Kawasaki) ဟာ ခန္ဓာကိုယ်ပေါ် အနီအပိန့်တွေထတာ၊ ဖျားတာ စတဲ့ လက္ခဏာတွေပြပြီး ၅ နှစ်အောက်ကလေးတွေမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ခုချိန်ဖြစ်တာက COVID-19 ရောဂါနဲ့ ဆက်နွယ်နေမလားလို့ သိပ္ပံပညာရှင်တွေက လေ့လာခဲ့ရာမှာ ဆက်နွယ်မှုမရှိကြောင်း ဂျပန်ပညာရှင်တွေက တွေ့ ရှိခဲ့တယ် လို့ နစ်ကေးသတင်းမှာ ရေးသားထားပါတယ်။

◾ရုရှားနိုင်ငံ မော်စကိုမြို့က COVID-19 ရောဂါရှိသူတွေ ထားတဲ့ ဆေးရုံတစ်ခုမှာ မီးလောင်မှုဖြစ်ပွားလို့ လူနာတွေနဲ့ ဆေးဝန်ထမ်းတွေဟာ နောက်ဘေး လမ်းကြားထဲကို အကာကွယ်ဝတ်စုံတွေနဲ့အတူ ပြေးလွှားသွားကြပါတယ်။ လူနာရဲ့ အခန်းကနေ စတင်လောင်ခဲ့တာဖြစ်ပြီး၊ တစ်ဦးသေဆုံးသွားတယ်လို့ Dailymail မှာ ရေးသားထားပါတယ်။

◾အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင် ၁၁ ယောက် COVID-19 ရောဂါ ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။ အိမ်ဖြူတော် တစ်ခုလုံးများ ကူးစက်ခံရမလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေပြီး ထိပ်ပိုင်းနဲ့ နီးစပ်ရာတွေဖြစ်တဲ့ သမ္မတကတော်ရဲ့ သက်တော်စောင့်၊ သမ္မတရဲ့ ကိုယ်ရေးအရာရှိ၊ ဒုသမ္မတရဲ့ လက်ထောက်၊ COVID-19 တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် သုံးယောက် စတဲ့သူတွေ ကူးစက်ခံထားရတယ်လို့ Business Insider မှာ ရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here