COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
669

မုံရွာ၊ မေ- ၁၂

• ရောဂါ ကူးစက်ခံရသူ – ၄ , ၂၈၅ , ၀၂၂ ဦး
• သေဆုံးသူ – ၂၈၈ , ၁၃၆ ဦး
• ပြန်လည်ကျန်းမာလာသူ – ၁ , ၅၄၃ , ၈၆၀ ဦး

◾ရုရှားနိုင်ငံမှာ ပိတ်ရက်တွေ ကုန်ဆုံးသွားပြီမို့ အားလုံးပြန်ဖွင့်တော့မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် COVID-19 ကူးစက်မှုနှုန်းက တနင်္လာနေ့တစ်ရက်တည်း ၁၁,၆၅၆ ယောက်ထိ ရှိနေပါတယ်။ အင်္ဂလန်၊ စပိန်တို့ ထက်များလာလို့ ကမ္ဘာမှာ တတိယအများဆုံး ဖြစ်နေပါတယ်။ စုစုပေါင်းကူးစက်ခံရသူ ၂၂၁,၃၄၄ ယောက်၊ သေဆုံးနှုန်းဟာ ၂၀၀၉ ယောက်ရှိနေတယ်လို့ ABC သတင်းမှာ ရေးသားထားပါတယ်။

◾ထိုင်ဝမ်နိုင်ငံမှာတော့၂၉ ရက်ဆက်တိုက် ကိုဗစ်ရောဂါကူးစက်မှု မရှိခဲ့ပါဘူး။ နိုင်ငံတွင်းကူးစက်သူ ၄၄၀ ယောက်မှာ သေဆုံး ၇ ယောက်ရှိတယ်လို့ နစ်ကေး သတင်းမှာ ရေးသားထားပါတယ်။

◾အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါ အသစ်ကူးခံရသူ တစ်ရက်အတွင်း ၄၂၁၃ ယောက်တိုး လာပါတယ်။ စုစုပေါင်း ၆၇,၁၅၂ ဦး ကူးစက်ခံထားရပြီး သေဆုံးသူ ၂၂၀၆ ဦး ရှိတယ်လို့ နစ်ကေးသတင်းမှာ ရေးသားထားပါတယ်။

◼ ပြင်းထန်တဲ့ COVID-19 ရောဂါဖြစ်နေသူ ကလေး ၄ ယောက်ထဲက တစ်ယောက်မှာ ကိုယ်တွင်းအင်္ဂါတွေ အလုပ်မလုပ်တော့တဲ့ထိ ဖြစ်လာတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ကလေးကြပ်မတ်ကုသဆောင်ကို ရောက်လာတဲ့ ကိုဗစ်ပိုးတွေ့ ကလေး ၄၈ ဦးကို လေ့လာရာမှာ ဗိုင်းရပ်စ်ဟာ ကလေးတွေကို ပြင်းပြင်းထန်ထန် ရောဂါဖြစ်သွားစေကြောင်း၊ ဒါကြောင့် ဆေးရုံတင်ဖို့ထိ လိုအပ်ကြောင်း UPI သတင်းမှာ ရေးသားထားပါတယ်။

◾အစ္စရေးနိုင်ငံထုတ် HIV ဆေးဟာ ကိုဗစ်ရောဂါပြင်းထန်သူတွေကို အောင်မြင်စွာ ကုသနိုင်တယ်လို့ ကွန်ဂိုနိုင်ငံ ဆေးသုတေသနပညာရှင်တွေက ဆိုတယ်လို့ Jpost မှာ ရေးသားထားပါတယ်။

◾တရုတ်ပညာရှင်တွေ ထုတ်ဝေတဲ့ စာတမ်းတစ်စောင်မှာတော့ ဝူဟန်မြို့က စျေးမှာ လင်းနို့ရောင်းတာမရှိဘဲ၊ ဝူဟန်ဓါတ်ခွဲခန်းသည်သာ ကူးစက်မှုစတင်ရာ တစ်ခုတည်းသောနေရာအဖြစ် ယုံကြည်ရပါတယ်။ ယင်းဓါတ်ခွဲခန်း BSL-4 က ဝန်ထမ်း အမျိုးသမီးတစ်ယောက် လတ်တလော ပျောက်ဆုံးနေကြောင်းလည်း ရေးသားထားပါတယ်။ ဓါတ်ခွဲခန်းကို အောက်တိုဘာလအတွင်းက ရုတ်တရက် ပိတ်ချလိုက်တယ်လို့ ဖုန်းဒေတာတွေက ရတဲ့အချက်အလက်တွေက ဆိုပါတယ်။ ဒါကြောင့် ဝူဟန်မြို့ တောရိုင်းတိရိစ္ဆာန်ရောင်းချတဲ့စျေးက စတင် ကူးစက်တယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ စာတမ်းမှာရေးထားကြောင်း Dailymail က ဖော်ပြထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here