COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
1294

မုံရွာ၊ မေ- ၁၄

• ရောဂါ ကူးစက်ခံရသူ – ၄ , ၄၂၇ , ၅၄၃ ဦး
• သေဆုံးသူ – ၂၉၈ , ၀၆၀ ဦး
• ပြန်လည်ကျန်းမာလာသူ – ၁ , ၆၅၇ , ၇၃၅ ဦး

◾တရုတ်နိုင်ငံမှာ အခြေအနေသစ် (New Normal) တစ်ခုရဲ့ တစိတ်တပိုင်းအဖြစ် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု လုပ်သွားမယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ တစ်ရက်ကို ဘယ်နှစ်ယောက် ရောဂါစစ်ဆေးသွားတယ်ဆိုတာ မှတ်တမ်းမရှိပေမယ့် သေချာတာကတော့ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်ဆေးမှုအများဆုံးလုပ်တဲ့ နိုင်ငံဖြစ်တယ်လို့ South China Morning Post မှာ ရေးသားထားပါတယ်။

◾ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်အရေး ဆွေးနွေးမှုမှာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ထိုင်ဝမ်ကို ဆွေးနွေးပွဲကနေ ဖယ်ရှားလိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံတွေကို အန္တရာယ်ဖြစ်စေတယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်အစိုးရအနေနဲ့ ဗိုင်းရပ်စ်ကို ကိုင်တွယ်ခဲ့တဲ့ အတွေ့အကြုံတွေ မမျှဝေသင့်ဘူးလား၊ ကမ္ဘာတဝှမ်းက အစိုးရတွေအနေနဲ့လည်း ပိုမိုပြည့်စုံတဲ့ အချက်အလက်တွေရသွားခဲ့ရင် ကျန်းမာရေးမှုဝါဒတွေချမှတ်ဖို့ ပိုအဆင်မပြေဘူးလားဆိုတာ တွေးတောစရာပါလို့ South China Morning Post မှာ ရေးသားထားပါတယ်။

◾အိန္ဒိယနိုင်ငံ မဟာရာဇထရာဒေသမှာ တစ်ရက်အတွင်း COVID-19 ကူးစက်မှု ၁၄၉၅ ယောက်နဲ့ အမြင့်ဆုံးစံချိန်တင်သွားပါတယ်။ တစ်နိုင်ငံလုံး ကူးစက်သူ ၂၅ ၉၉၂ ဦး၊ သေဆုံးသူ ၉၇၅ ဦး ရှိတယ်ဆိုတာ dnaindian မှာ ရေးသားထားပါတယ်။

◾ဂျပန်နိုင်ငံက ပင်မဆဲလ်နဲ့ ပတ်သက်ပြီး နိုဘယ်ဆုရထားသူ ဒေါက်တာ Shinya Yamanaka က ဂျပန်အစိုးရဟာ COVID-19 ရောဂါ စစ်ဆေးမှုနဲ့ ပတ်သက်ရင် မညီမျှမှုတွေရှိတယ်လို့ ပြောပါတယ်။ ရောဂါဖြစ်သူအသစ်ရှာဖို့ထက် နာလန်ထလူနာအသစ်ကိုသာ ဦးစားပေးပြီး စစ်းဆေးတာသိသာနေတယ်လို့ သူကပြောပါတယ်။ အရေးပေါ်အခြေအနေ ကျော်လွန်သွားပြီဖြစ်တဲ့အတွက် ဒီပြဿနာကို အစိုးရအနေနဲ့ ဖြေရှင်းသင့်တယ်လို့ပြောကြောင်း နစ်ကေးသတင်းမှာ ရေးသားထားပါတယ်။

◾ဂျပန်အစိုးရက Remdesivir ဆေးကို COVID-19 ရောဂါ ကုသဆေးအဖြစ် အတည်ပြုပြီး နောက်မှာလိုအပ်ရင် ကုသနိုင်အောင် ဆေးရုံတွေထိ ဆေးတွေဖြန့်ဝေထားတယ်လို့ NHK မှာ ရေးသားထားပါတယ်။ ကူးစက်သူ ၁၅,၉၆၈ ဦး နဲ့ သေဆုံးသူ ၆၅၇ ဦး ရှိနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here