COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
580

မုံရွာ၊ မေ- ၁၅

• ရောဂါ ကူးစက်ခံရသူ – ၄ , ၅၅၃ , ၄၃၂ ဦး
• သေဆုံးသူ – ၃၀၄ , ၁၉၁ ဦး
• ပြန်လည်ကျန်းမာလာသူ – ၁ , ၇၁၉ , ၁၉၇ ဦး

◾COVID-19 ကျန်းမာရေးဆိုင်ရာ သတင်းအင်တာနက်စာမျက်နှာအတုတွေဖန်တီးပြီး လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဟက်ကာ (Hacker) တွေက ခိုးယူနေတယ်လို့ ရဲက သတိပေးချက် ထုတ်ပြန်ထားတာကို thestar.com မှာ ရေးသားထားပါတယ်။

◾COVID-19 ရောဂါနဲ့ ဆေးရုံရောက်လာတဲ့ လူနာ သုံးပုံတစ်ပုံ လောက်မှာ ကျောက်ကပ် ပျက်စီးသွားတာ တွေ့ရတယ်လို့ ဂျာမဏီနဲ့ အမေရိကန်က လေ့လာမှု နှစ်ခုက ဆိုပါတယ်။ ဗိုင်းရပ်စ် ပမာဏများတာနဲ့ ကျောက်ကပ် ပျက်စီးတတ်သလို၊ အတွင်းအင်္ဂါတွေလည်း ပျက်စီးတတ်တယ်လို့ ယင်းလေ့လာမှုက ဆိုကြောင်း Dailymail မှာ ရေးသားထားပါတယ်။

◾ဥရောပသမဂ္ဂထဲက နိုင်ငံနှစ်နိုင်ငံဟာ တရုတ်ထုတ် နှာခေါင်းစည်းတွေ အရည်အသွေး ညံ့ဖျင်းကြောင်း မကျေမနပ် ပြောဆိုပြီးတဲ့နောက်မှာ ဥရောပသမဂ္ဂက မှာယူထားတဲ့ နှာခေါင်းစည်း ၁၀ သန်းကို မယူသေးဘဲ ဆိုင်းငံ့လိုက်ကြောင်း Guardian မှာရေးသားထားပါတယ်။

◾ဂျပန်အစိုးရက ကိုရိုနာကြောင့် ကျောင်းစရိတ်မတတ်နိုင်တဲ့ ကျောင်းသားတွေကို ဒေါ်လာ ၁၈၇၀ ခန့် ထောက်ပံ့ဖို့ရှိတယ်လို့ နစ်ကေးသတင်းမှာ ရေးသားထားပါတယ်။

◾အိန္ဒိယမှာ ရွေ့ပြောင်းနေထိုင်သူ သန်း ၈၀ လောက်ကို နှစ်လစာ စားနပ်ရိက္ခာ ထောက်ပံ့ ဖို့ရှိပါတယ်။ ဒါ့အပြင် လယ်သမား ၂၅ သန်းအတွက် ဒေါ်လာ၂၆.၄ ဘီလျံ ထုတ်ချေးမယ်လို့လည်း ဆိုပါတယ်။ လမ်းဘေး စျေးသည် ၅ သန်းအတွက်လည်း ရူပီး ၅၀ ဘီလျံ ထုတ်ချေးပေးသွားရင်း တိုင်းပြည်စီးပွားရေးကို ရသမျှ ထောက်ပံ့ကူညီမယ်လို့ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးရဲ့ ကြေညာချက်ကို နစ်ကေး သတင်းမှာ ရေးသားထားပါတယ်။

◾အမေရိကန်မှာ ကိုဗစ်ကပ်ဘေးကြောင့် အလုပ်သမား ၄ ယောက်မှာ တစ်ယောက်က အလုပ်မရှိဖြစ်နေပါတယ်။ အလုပ်လက်မဲ့အဖြစ်နဲ့ ထောက်ပံ့မှု ရယူလိုကြပီး တင်ပြသူအရေအတွက်လည်း ထပ်တိုးလာတဲ့အတွက် ၃၆ သန်း အထိ ရောက်လာကြောင်း BBC နဲ့ Guardian သတင်းမှာ ရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here