COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
649

မုံရွာ၊ မေ- ၂၂

• ရောဂါ ကူးစက်ခံရသူ – ၅ , ၂၃၁ , ၁၉၀ ဦး
• သေဆုံးသူ – ၃၃၅ , ၅၈၄ ဦး
• ပြန်လည်ကျန်းမာလာသူ – ၂ , ၁၀၄ , ၀၀၈ ဦး

◾ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်စီးပွားရေး ထိခိုက်သွားပြီး အလုပ်လက်မဲ့အဖြစ် ထောက်ပံ့မှု တောင်းခံလာသူ ၃၉ သန်းရှိသွားပြီလို့ အေပီသတင်းမှာ ရေးသားထားပါတယ်။

◾မြောက်ကာရိုလိုင်းနားက ကြက်မွေးမြူရေးခြံမှာ အလုပ်သမား ၅၇၀ ခန့် COVID-19 ရောဂါ ကူးစက်ခံလိုက်ရပါတယ်။ ရောဂါလက္ခဏာမပြတဲ့ သူတွေဖြစ်ပြီး တခြားလူပေါင်း ၂၀၀၀ လောက်ကိုလည်း ရောဂါစစ်ဆေးထားကြောင်း အေပီသတင်းမှာ ရေးသားထားပါတယ်။

◾လူအများစုမှာ အခုနောက်ဆုံးတွေ့နေရတဲ့ COVID-19 ရောဂါဟာ ရောဂါလက္ခဏာ အနည်းငယ်ပဲပြတာနဲ့ သိမ်မွေ့တာ တွေ့လာရပါတယ်။ အသက်ကြီးသူနဲ့ ရောဂါအခံရှိသူတွေမှာသာ လက္ခဏာပြင်းထန်တာ၊ သေစေတာ ဖြစ်တယ်လို့ ​အေ​ပီသတင်းမှာ ရေးသားထားပါတယ်။

◾အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါ ကုသဆဲလူနာ ၆၃,၆၂၄ ယောက်နဲ့ ကူးစက်ခံရသူ ၁၁၂,၃၅၉ ဦး ရှိပါတယ်။ ပြန်လည်ကျန်းမာလာသူ ၄၅,၃၀၀ ရှိပြီး သေဆုံးသူ ၃၄၃၅ ဦး ရှိပါတယ်။

◾ဘရာဇီးနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က COVID-19 ရောဂါနဲ့ သေဆုံးသူ ၈၈၈ ဦး ရှိပါတယ်။ တစ်ရက်အတွင်း ၂၀၀၀၀ ခန့် ကူးစက်ပြီး လက်ရှိမှာ ၃ သိန်းကျော် ကူးစက်ခံထားရတယ်လို့ နစ်ကေးသတင်းမှာ ရေးသားထားပါတယ်။

◾မက္ကဆီကိုနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က COVID-19 ကြောင့် သေဆုံးသူ ၄၂၄ ဦး ရှိပြီး စုစုပေါင်းသေဆုံး ၆၀၉၀ ဦး ရှိသွားပါတယ်။ တစ်ရက်အတွင်း ၂၂၄၈ ဦး ကူးစက်ခံရပြီး ၅၆,၅၉၄ ယောက်နှင့် သွားပါတယ်လို့ Guardian သတင်းမှာ ရေးသားထားပါတယ်။

◾အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါနှင့် သေဆုံးသူပေါင်း ၉၃,၄၃၆ ယောက်ရှိသွားပါတယ်။ နယူးယောက်မြို့မှ သေဆုံးသူပေါင်း ၂၈,၆၃၆ ယောက်၊ နယူးဂျာစီပြည်နယ်မှ ၁၀,၇၄၉ယောက် အသီးသီးရှိနေပြီး၊ တခြားသောပြည်နယ်များက ထောင်ဂဏန်းသေဆုံးမှုများသာ ဖြစ်ပါတယ်လို့ bloomberg သတင်းမှာရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here