COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
725

မုံရွာ၊ မေ- ၂၄

• ရောဂါကူးစက်ခံရသူ – ၅ , ၄၀၁ , ၂၂၂ ဦး
• သေဆုံးသူ – ၃၄၃ , ၇၉၉ ဦး
• ပြန်လည်ကျန်းမာလာသူ – ၂ , ၂၄၇ , ၁၀၉ ဦး

◾တရုတ်စစ်တပ် သိပ္ပံပညာရှင်တွေက ကိုဗစ်ရောဂါအတွက် စမ်းသပ်နေရာမှာ ရရှိလာတဲ့ ပထမအဆင့်ရလဒ်တွေဟာ အလားလာကောင်းနေပြီး လူနာ ၁၀၀ လောက်နဲ့ စမ်းသပ်ထားတယ်ဆိုပါတယ်။ အစမ်းသပ်ခံလူနာတွေမှာ ဆိုးဝါးတဲ့ ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုတွေ မရှိဘူးလို့ SCMP မှာ ရေးသားထားပါတယ်။

◾ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သေဆုံးမှုကို ကြေညာထားတာ မတွေ့ ရပါဘူး။ ကူးစက်ခံရသူ ၃၂၄ ယောက်ရှိနေပြီး၊ ပြည်ပပြန်တွေက တဆင့် ဆက်လက်ကူးစက်မှာ စိုးရိမ်နေပါတယ်။ ဗီယက်နမ်လေကြောင်းလိုင်းက အသက် ၄၃ နှစ်ရှိ လေယာဉ်မှူးတစ်ယောက်မှာ ကိုဗစ်ရောဂါကူးစက်ခံရပြီး၊ ပျောက်ကင်းလာခဲ့ပေမယ့် အရေးပေါ် အဆုတ် အစားထိုးလဲလှယ်ရမယ် လို့ SCMP မှာရေးသားထားပါတယ်။

◾အင်္ဂလန်မှာ ယနေ့ သေဆုံးမှု ၂၈၂ ယောက် ရှိပြီး စုစုပေါင်း သေဆုံးသူ ၃၆, ၆၇၅ ဦး ထိရှိပါတယ်။ တခြားသော သတင်းတစ်ခုကတော့ စုစုပေါင်း သေဆုံးသူ ၄၅,၀၀၀ ထိရှိနိုင်တယ်လို့ metro.co.uk မှာ ရေးသားထားပါတယ်။

◾ကိုရိုနာကပ်ဘေးကြောင့် ပျက်စီးနေတဲ့ အမေရိကန်စီးပွားရေးကို တည်ငြိမ်အောင်ဆောင်ရွက်ဖို့ ခုတစ်ခါလည်း အခွန်ဆောင်ထားသူတိုင်းကို ဒုတိယအကြိမ် ဒေါ်လာ ၁၂၀၀ ပေးမယ်လို့ ပြောထားတာကို Cnet မှာ ရေးသားထားပါတယ်။

◾ပါကစ္စတန်မှာ တစ်ရက်အတွင်း ကိုဗစ်ရောဂါ ကူးစက်မှု ၁၇၄၃ ဦးထိ ရှိသွားပြီး စုစုပေါင်း ၅၂,၄၃၇ ဦး ကူးစက်ခံထားရတယ်လို့ catchnews.com မှာ ရေးသားထားပါတယ်။

◾အေအိုင်နဲ့ ပေါင်းစပ်လာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍဟာ ကိုဗစ်ကပ်ဘေးကြောင့် ပိုမိုအရှိန်ရလာစေပါတယ်။ ရောဂါစစ်ဆေးတာ၊ ဆေးဝါးရှာဖွေတာ၊ အနည်းဆုံး စက်ရုပ်သုံးလာတဲ့ ဆေးရုံသုံးပစ္စည်းတွေ ပေးလာတာက ကပ်ဘေးကနေဖြစ်လာစေတဲ့ အကျိုးလို့တောင်ဆိုနိုင်ကြောင်း engadget.com မှာ ရေးသားထားပါတယ်။

◾ကိုရိုနာရောဂါကို အိမ်မှာတင် စစ်ဆေးနိုင်ပြီး တစ်နာရီလောက်သာကြာမယ့် ပေါင် ၄၀ တန် ကိရိယာကို ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ရနိုင်တော့မယ်လို့ mirror.co.uk သတင်းမှာ ရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here