COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
152

• ရောဂါ ကူးစက်ခံရသူ – ၁,၁၃၉ ,၁၂၀ ဦး
• သေဆုံးသူ – ၆၁, ၁၄၄ ဦး
• ပြန်လည်ကျန်းမာလာသူ – ၂၃၆, ၂၁၄ ဦး

?ကမ္ဘာ့လူဦးရေရဲ့ တဝက် ( ၃.၉ ဘီလျံ ) ခန့်ဟာ Covid-19 ပျံ့ပွားမှုကို ကာကွယ်ရေး အိမ်တွင်း နေဖို့ သက်ဆိုင်ရာ နိုင်ငံပေါင်း ၉၀ ကျော်က ပြောဆိုထားရတယ််််််လို့ euronews မှာရေးသားထားပါတယ်။

?ဥရောပနိုင်ငံတွေမှာ အလုပ်ပေါင်း သန်းချီပြီး ဆုံးရှုံးသွားတဲ့အတွက် ယူရို ၁၀၀ ဘီလျံ လောက် ကူညီဖို့ စီစဉ်ထားကြောင်း CNN သတင်းမှာ တွေ့ရပါတယ်။

?အီသီယိုပီးယားနိုင်ငံမှာ အကျဉ်းသားပေါင်း ၄၀၀၀ ကျော်ကို Covid-19 ပြန့်ပွားမှာ စိုးတဲ့ အတွက် သမ္မတက လွှတ်ပေးလိုက်ကြောင်း CNN သတင်းမှာ တွေ့ရပါတယ်။

?အာဖရိက နိုင်ငံတွေဟာ ကိုရိုနာ ကပ်ဘေးကြောင့် စီးပွားရေးထိခိုက်သွားတဲ့အတွက် တရုတ်အနေနဲ့ အကြွေးချေဖျက်ပေးဖို့ တောင်းဆို လာကြတယ်လို့ south china morning post မှာရေးသားထားပါတယ်။

?ကယ်လီဖိုနီးယား ထောင်တွေက လွတ်ရက် ၆၀ ခန့် ကျန်နေသေးတဲ့ ထောင်သားပေါင်း ၃၅၀၀ ကျော်ကို ကိုရိုနာ ရောဂါ ပျံ့ပွားမှု ပို မများလာစေဖို့ ထောင်ကနေ စောပြီး လွှတ်ပေးလိုက် တယ်လို့ thegrio မှာ ရေးသားထားပါတယ်။

?အမေရိကန် သိပ္ပံပညာရှင်တွေက ကိုဗစ်ရောဂါ ကူးစက်မှုဟာ လေထဲကနေလည်းဖြစ်နိုင်ကြေသလို စကားပြောရာကလည်းဖြစ်နိုင်တယ်လို့ ပြောကြားထားတာကို dailypost မှာ ရေးသားထားပါတယ်။

?အမေရိကန်သမ္မတ ထရမ့် နဲဲ့ ရောဂါ ထိန်းချုပ်ရေးဌာတာဝန်ရှိသူတွေက အပြင်ထွက်တဲ့အခါ မက်စ်တပ်သွား သင့်ကြောင်းပြောဆိုထားပြီး ၊ သူကတော့ မက်စ်တပ်မှာမဟုတ်ကြောင်း BBC သတင်းမှာ တွေ့ရပါတယ်။

?နိုင်ငံတွေအနေနဲ့ ကန့်သတ်ချက်တွေ လုပ်ထားတာကို ဖြေလျော့မှုတွေ မလုပ်သင့် သေးပဲ၊ယင်းအဲသလို လျော့လိုက််််််ရင် ပိုမိုဆိုးသွားစေမယ်လို့ WHO က ပြောကြားထားပါတယ်။

?ကပ်ဘေး ရင်ဆိုင်နေရတဲ့ နိုင်််််််ငံတွေ အနေနဲ့ လော့ဒေါင်း ချထားတာကို ရောဂါ မထိတ်းချုပ်နိုင်သေးတဲ့ အတွက် နောက်ထပ် ရက်သတ္တပတ် ၆ ပတ်ထိ ဆက်ချထားသင့်တယ်လို့ south china morning post မှာ ရေးသားထားပါတယ်။

?တရုတ်နိုင်ငံမှာ ရောဂါ စဖြစ်စဉ်က ယာယီဆေးရုံတွေ တည်ဆောက်ထားခြင်းဟာ အကောင်းဆုံးသော ဖြေရှင်းနည်းဖြစ်တယ်လို့ south china morning post မှာ ရေးသားထားပါတယ်။

?အင်္ဂလန်နိုင်ငံမှာ ဆေးဘက်ပညာသင်ကျောင်းတွေနဲ့ ဘောလုံးကွင်းတွေကို ယာယီဆေးရုံ၊ ဆေးကုရာ နေရာတွေအဖြစ် ပြောင်းလဲ ဆောင်ရွက်နေကြောင်း BBC မှာ ရေးသားထားပါတယ်။

Ref: worldometers.info and world news

LEAVE A REPLY

Please enter your comment!
Please enter your name here