COVID-19 လူနာသစ် ၁၀၄ ဦး တိုး၊ စုစုပေါင်း ၃၂၉၉ ဦးအထိ ရှိလာ

0
56

မုံရွာဂေဇက်
မုံရွာ၊ စက်တင်ဘာ-၁၅

ယနေ့မနက်ပိုင်း ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာသစ် ၁၀၄ ဦး တိုးပြီး မြန်မာနိုင်ငံတွင် လက်ရှိ လူနာ ၃၂၉၉ ဦးအထိ ရှိလာသည်။

ဓာတ်ခွဲနမူနာ ၂၂၄၄ ဦးအား ထပ်မံစစ်ဆေးခဲ့ရာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၄၅၈ ဦး စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာ ၂၈၄ ဦး ရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိထိ COVID-19 ရောဂါ ကူးစက်ခံရသူများထဲမှ ၃၂ ဦးသေဆုံးထားပြီး ၇၉၀ ဦး ဆေးရုံမှ ဆင်းပြီး ဖြစ်သည်။