Download ပြုလုပ်သူ 1.5 ဘီလျံအထိရှိလာတဲ့ TikTok

0
262

မိုလ်ဘိုင်းဖုန်း App တွေကိုလေ့လာတဲ့ SensorTower ကုမ္ပဏီရဲ့ လေ့လာချက်အရ တရုတ်ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Tik Tok App ကို ဒေါင်းလုပ်ပြုလုပ်သူ ၁ ဒသမ ၅ ဘီလျံအထိ ရှိလာတယ်လို့ ဆိုပါတယ်။ ဒီပမာဏဟာ ဂိမ်း မဟုတ်တဲ့ App တွေထဲက ဒေါင်းလုပ်ပြုလုပ်မှု အများဆုံး App တွေထဲမှာ ၂၀၁၉ အတွက် တတိယနေရာမှာ ရှိနေပါတယ်။ ဒီလိုဒေါင်းလုပ် ပြုလုပ်မှုအများဆုံး စံချိန်မှာတော့ PlayStore မှာရော၊ App Store မှာပါ TikTok ဟာ Facebook ရဲ့ Facebook App၊ Messenger App တွေထက်ကို ကျော်လွန်သွားခဲ့ခြင်း ဖြစ်ပါတယ်။

TikTok ကို ၂၀၁၆ ခုနှစ်မှာ တရားဝင် မိတ်ဆက်ဖြန့်ချိခဲ့တာဖြစ်ပြီး သုံးနှစ်အတွင်းမှာ လူသုံးများလာတဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံ နိုင်ငံတွင်းမှာရှိတဲ့ လူငယ်တွေ အသုံးအများဆုံး App နေရာကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။ SensorTower ကုမ္ပဏီရဲ့လေ့လာချက်အရ ကွာတား ၃ မှာ အန်း ဒရွိုက်နဲ့ iOS နှစ်ခုစလုံးအတွက် ၁၇၆ ဒသမ ၅ သန်းအထိ ဒေါင်းလုပ်ပြုလုပ်ခဲ့ပါတယ်။ ဒီပမာဏဟာ PlayStore နဲ့ App Store တွေရဲ့ ဒေါင်းလုပ်ပြုလုပ်မှုအပေါ် အခြေခံကောက်ယူထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံက Third-party App Stores ကနေ ဒေါင်းလုပ်ပြုလုပ်ခြင်းတွေအပေါ် ထည့်မတွက်ထားပါဘူး။

၂၀၁၉ ဖေဖော်ဝါရီမှာ ဒေါင်းလုပ်ပြုလုပ်သူ တစ်ဘီလျံရှိခဲ့ပြီး စက်တင်ဘာလမှာတော့ ၅၀ဝ မီလျံအထိ ဒေါင်းလုပ်မှုအရေအတွက် တရှိန်ထိုး များပြားလာခဲ့ပါတယ်။ တစ်နိုင်ငံချင်းစီရဲ့ ဒေါင်းလုပ်ပြုလုပ်မှုအရ အိန္ဒိယနိုင်ငံဟာ ဒေါင်းလုပ် ပြုလုပ်သူအရေအတွက် ၄၆၆ ဒသမ ၈ မီလျံနဲ့ ပထမနေရာမှာ ရပ်တည်နေပြီး တရုတ်နိုင်ငံကတော့ ၁၇၃ ဒသမ ၂ မီလျံနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ အမေရိကန်နိုင်ငံကတော့ ဒေါင်းလုပ်ပြုလုပ်သူ ၁၂၃ ဒသမ ၈ မီလျံနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

Ref – sensortower

LEAVE A REPLY

Please enter your comment!
Please enter your name here