FDA ထောက်ခံချက်ရရှိထားတဲ့ ကမ္ဘောဇလက်ဖက်

0
85

လက်ဖက်ဆိုတာ မြန်မာလူမျိုးတွေအတွက် ပွဲနေပွဲထိုင်တွေမှာမပါမဖြစ် တည်ခင်းဧည့်ခံကြတဲ့အစားအစာပါ။ အစားအစာဖြစ်လို့ သန့်ရှင်းလတ်ဆတ်ဖို့ကလည်း အရေးကြီးပါတယ်။ သန့်ရှင်းလတ်ဆတ်ပြီး ခေတ်မီစက်တွေနဲ့ ထုတ်လုပ်ထားတဲ့အပြင် စစ်ကိုင်းတိုင်းမှာ ပထမဦးဆုံး FDA ထောက်ခံချက်ရရှိထားတဲ့ ကမ္ဘောဇလက်ဖက်ကတော့ စားသုံးသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်စေမှာ အမှန်ပါပဲ။ ကမ္ဘောဇလက်ဖက်အကြောင်းကို FDA ရဲ့ တိုင်းဦးစီးမှူး ဒေါက်တာထွန်းလင်းအောင်၊ ကမ္ဘောဇ လက်ဖက်လုပ်ငန်းရဲ့ ပဲ့ကိုင်ရှင် ဦးသက်ထွေးအောင်နဲ့ ကိုယ်တိုင်လည်းစားသုံး၊ တစ်ဆင့်ပြန်လည် ရောငး်ချပေးနေတဲ့ ဆင်မင်း (၄)ဆိုင်ရှင် ဒေါ်စန်းစန်းတင့်တို့က အခုလိုမျှဝေထားပါတယ်။

ဦးသက်ထွေးအောင်
ကမ္ဘောဇလက်ဖက်လုပ်ငန်း

ဦးသိန်းအောင်+ဒေါ်ဆွေဆွေ တို့က ၁၉၈၃ ခုနှစ်မှစတင်ပြီး လက်ဖက်စိုလက်ဖက်ခြောက်လုပ်ငန်း လုပ်ကိုင်ခဲ့တာပါ။ သားသမီးတွေက လုပ်ငန်းအမွေဆက်ခံပြီး အသင့်စား စားသောက်ကုန်အဖြစ်၂၀ဝ၈ ခုနှစ်မှာ ရန်ကုန်ဈေးကွက်ကို အရင်ထုတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် မုံရွာဈေးကွက်မှာ လက်ဖက်နှပ်ကို ဆက်လက် ထုတ်လုပ်ခဲ့တယ်။

၂၀၁၈ လောက်မှာ Food Doctor က ဆရာကျော်မင်းထိုက်တို့ မုံရွာမြို့ကိုလာတဲ့အချိန်မှာလက်ဖက်နှပ်ကို တာရှည်ခံဆေးမသုံးဘဲ အထားခံအောင် လုပ်ချင်တယ်ဆိုတော့ ဆရာပေးတဲ့နည်း (sterilazation method) အတိုင်း ပိုးသတ်လုပ်ခဲ့တယ်။ အဲဒီနှစ်မှာပဲ ဒိန်းမတ်နိုင်ငံက ပေးတဲ့ Food Safety Grant ရခဲ့တယ်။ အဲဒီချိန်ကတည်းက FDA လျှောက်ဖို့ ပိုပြီး အားရှိသွားခဲ့တယ်။ နောက်ထပ် သင်တန်းတွေကို ကိုယ်တိုင်ရော၊ ထုတ်လုပ်ရေး မန်နေဂျာတွေရော၊ဝန်ထမ်းတွေကို သင်တန်းတွေပေးတယ်။ စားသောက်ကုန်ကို သန့်ရှင်းမှု၊ အရသာနဲ့ လူတွေဘေးကင်းအောင် ဘယ်လိုနည်းလမ်းတွေ လိုက်နာရမလဲဆိုပြီး သင်တန်းတက်ခဲ့တယ်။ FDA လျှောက်တော့ ဌာနရဲ့သတ်မှတ်ချက်၊ စံချိန်စံညွှန်းတွေကို လေ့လာထားတော့ အများကြီးမပြင်ဆင်ရဘူး။ အဆောက်အဦရော၊ ထုတ်လုပ်မှုအပိုင်းရော သေချာစနစ်တကျ လုပ်ထားတာပါ။ လက်ဖက်ဆို Organic Certificate ရထားတဲ့ လက်ဖက်ခြံတွေကနေ ဝယ်တယ်။ ဆီဆိုရင်လည်း FDA ရပြီးသား နေကြာဆိီကို သုံးတယ်။ ပဲကြမ်းဆိုလည်း သေချာစနစ်တကျကြော်တယ်။ မိရိုးဖလာလုပ်ငန်းကနေ Smart factory ပုံစံမျိုးသွားတော့ တော်တော်ကို ကြိုးစားခဲ့တယ်။ လက်ဖက်ကို သောက်ရေသန့်နဲ့ပဲဆေးတယ်။ အဓိကသန့်ရှင်းအောင်လုပ်တာဖြစ်တော့ စားသောက်ကုန်ရဲ့ သက်တမ်းပိုကြာရှည်ခံတယ်။ အိမ်မှာ ရေသန့်စက်တွေလုပ်ထားပြီး ဆေးတယ်။ ကုန်ကျစရိတ်တွေတော်တော်များခဲ့တယ်။ ရေဆေးတာကို လက်ဖက်ရေဆေးစက်တွေနဲ့ဆေးတယ်။ ရေညှစ်တာ၊ အရသာမွှေတာကစပြီး စက်တွေနဲ့ပဲလုပ်တယ် အားလုံး Food grade ပစ္စည်းတွေပဲသုံးတယ်။ ဝန်ထမ်းတွေဆိုရင် သနပ်ခါးမလိမ်းရ၊ လက်ဝတ်ရတနာမဝတ်ရဘူး။ ဆံပင်တွေမကျအောင်ဦးထုပ်ဆောင်း၊ အေဖရွန်တွေလဲခိုင်းတယ်။ အဲလိုသေချာစနစ်တကျဝတ်ဆင်ရင် Bonus ပေးတာမျိုးတွေလုပ်တယ် ။ FoSTA Myanmar မှ GHP&GMP သင်တန်းတွေ Score ရဲ့ Factory Management အစတဲ့သင်တန်းတွေ တက်ခိုင်းတယ်။ ဝန်ထမ်းတွေကို စနစ်တကျသေချာထိန်းကျောင်းရတယ်။ Packing ထုတ်ပြီးသား ပုလင်းတွေကိုလည်း ပိုးပြန်သတ်တယ်။ Packing ထုတ်ပိုးတဲ့ လေစုပ်အိတ်တွေက အပူဒဏ်ခံနိုင်တယ်။ လူကို ဆိုကျိုးမဖြစ်အောင် ပလတ်စတစ်အိတ်ကစ သေချာ Recycle လုပ်လို့ရတဲ့ လေစုတ်အိတ်တွေကို အသုံးပြုထားတယ်။ ဒီလုပ်ငန်းတွေကို ထပ်ပြီး Update လုပ်မယ်။ Export ထုတ်ဖို့ထိ ရှိပါတယ်။ လက်ဖက်ညွှန့်၊ လက်ဖက်နှပ်၊ ပဲနှစ်ပြန်ကြော်၊ ပဲခုနှစ်ထွေကြော်ကို ကျန်းမာရေးနဲ့ညီအောင် ထုတ်လုပ်ထားတာပါ။ “Safety Taste for everyone” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အရသာရှိပြီး ဘေးအန္တာရာယ်ကင်းရှင်းအောင် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ကမ္ဘောဇက စားသုံးသူတွေအတွက် ရာနှုန်းပြည့် အာမခံပါတယ်။ စစ်ကိုင်းတိုင်းမှာ ပထမဆုံး FDA ရတာဖြစ်တဲ့အတွက် စားသုံးသူတွေအပေါ် ကိုယ့်စေတနာရဲ့ အသီးအပွင့်ကို ခံစားရတာလို့ ထင်ပါတယ်။

Myanmar Traditional Food အဖြစ် ပြည်တွင်းပြည်ပဈေးကွက် ရရှိနေပါပြီ။

ရန်ကုန်မှာ ဖြန့်ချီရေးရုံးထားရှိပြီး SeinGayHar, SuperOne & Supermarket များကို ဖြန့်ချီပါတယ်။

စင်ကာပူ၊ မလေးရှား၊ ထိုင်းမှ မြန်မာများသို့လည်း တင်ပို့ရောင်းချပါတယ်။

ဒေါက်တာထွန်းလင်းအောင်
တိုင်းဦးစီးမှူး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
(FDA)

စစ်ကိုင်းတိုင်းမှာ လက်ဖက်လုပ်ငန်း လုပ်ကိုင်ကြသူတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် မုံရွာ၊ ရွှေဘို၊ စစ်ကိုင်းတို့လို မြို့ကြီးတွေမှာ ပိုများတယ်။ ဒါပေမယ့် ဘယ်လက်ဖက်လုပ်ငန်းကမှ FDA ကို လာလျှောက်တာမရှိသေးဘူး။ ကမ္ဘောဇလက်ဖက်ကတော့ FDA လာလျှောက်တယ်။ အောင်အောင်မြင်မြင်နဲ့ ရရှိသွားတယ်။ စစ်ကိုင်းတစ်တိုင်းလုံးမှာမှ တစ်ဦးတည်းပဲ FDA ထောက်ခံချက်ယူထားတယ်ဆိုတာ နည်းလွန်းတယ်။ လက်ဖက်ဆိုတာ မြန်မာလူမျိူးတွေအတွက် ကလေး၊ လူကြီးကြိုက်ကြတယ်၊ ပွဲနေပွဲထိုင်တောင် တည်ခင်းဧည့်ခံကြတာဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ လက်ဖက်က လေနဲ့တွေ့ရင် မဲသွားတာဖြစ်လို့ ဆိုးဆေးတွေထည့်ကြတယ်။ ခွင့်ပြုဆိုးဆေးတောင်မှ Limit နဲ့သုံးရတာ။ အစားအသောက်ထဲထည့်လို့မရတဲ့ အဝတ်အထည်တွေမှာထည့်တဲ့ ဆိုးဆေးတွေသုံးတဲ့အတွက် ဖြစ်လာမယ့်နောက်ဆက်တွဲတွေကို အမြဲထောက်လှမ်းနေရတယ်။ FDA ထောက်ခံချက်ယူတာနဲ့ ထုတ်လုပ်ပုံအဆင့်တိုင်းက သန့်ရှင်းပြီး နမူနာကို ဓာတ်ခွဲစစ်တာနဲ့ တားမြစ်ဆိုးဆေးမပါ၊ အဏုဇီဝပိုးသတ်ဆေးတွေမပါမှ ထောက်ခံချက်ပေးတာ။ လုပ်ငန်းရှင်တွေတိုင်းသာ လာလျှောက်သင့်ပါတယ်။ FDA ကို လျှောက်တာနဲ့လက်ဖက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးရတယ်။ ညှစ်တဲ့စက်တွေသုံးရမယ်။ လက်နဲ့မညှစ်ရဘူး။ လက်ဖက်မွှေစက်ကိုလည်း တခါအသုံးပြုပြီးတိုင်း ဆေးရမယ်။ စနစ်တကျ ပါကင်ထုပ်ပိုးပြီး တံဆိပ်တပ်ရောင်းတယ်။ အဲလိုလုပ်တဲ့အတွက် ရောင်းပန်းလှသလို၊ အထားခံတယ်။ စားသုံးသူတွေအတွက်လည်း FDA ထောက်ခံချက်ပါတဲ့အတွက် စိတ်ချစွာ စားသုံးနိုင်တယ်။အလုပ်လုပ်တဲ့ ဝန်ထမ်းတွေရဲ့ Uniform ကစ ကျန်းမာရေးအထိ စစ်ဆေးရတယ်။ လက်ဖက်လုပ်တဲ့နေရာက သီးသန့်နေရာဝယ်ပြီး နေအိမ်နဲ့တွဲထားလို့မရဘူး။ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေက FDA ထောက်ခံချက်ရထားတာများတယ်။ ဒီမှာ FDA လျှောက်ရင် အလုပ်ရှုပ်တယ်ဆိုပြီး မလျှောက်ကြတော့ အားမလိုအားမရဖြစ်မိတယ်။ လာလျှောက်စေချင်ပါတယ်။ စားသုံးသူတွေအနေနဲ့လည်း FDA ထောက်ခံချက်ပါမှ ဝယ်စားမယ်ဆိုတဲ့ အသိပညာပေးတွေကိုလည်းအများကြီးလုပ်သွားမှာပါ။ အခုလို FDA အသိအမှတ်ပြု တကူးတက လာလျှောက်တဲ့အတွက် ကြိုဆိုပါတယ်။ အသိအမှတ်လည်းပြုပါတယ်။ နောက်ထပ် တခြားလက်ဖက်လုပ်ငန်းရှင်တွေကို လာလျှောက်ဖို့ Request လုပ်ပါတယ်။

ဒေါ်စန်းစန်းတင့်
ဆင်မင်း – ၄ ကုန်စုံဆိုင်

လက်ဖက်ဆိုတာ မြန်မာတွေရဲ့ Signature တစ်ခုပါ။ ကျွန်မတို့ မြန်မာတွေက ဧည့်သည်လာရင်လက်ဖက်ကောင်းတစ်ခွက်နဲ့ ဧည့်ခံလေ့ရှိပါတယ်။ မိတ်ဆွေအချင်းချင်းခင်မင်မှုနဲ့ လက်ဆောင်ပေးရင်လည်း လက်ဖက်တွေ လက်ဆောင်ပေးလေ့ရှိပါတယ်။

အဲဒီအခါမျိုးမှာဆို ကျွန်မတို့ဟာ လက်ဖက်စာက တံဆိပ်များစွာထဲက တံဆိပ်ကောငး်တစ်ခုကို ရွေးချယ်ဖို့ အလွန်ရေးပါပါတယ်။ ကမ္ဘောဇလက်ဖက်ကို ရွေးချယ်ပြီး ဆိုင်မှာထားဖြစ်လဲဆိုရင် ဓာတုဆိုးဆေးမသုံးဘူး လက်ဖက်နှပ်ဆိုရင် သံပုရာသီးစစ်စစ်၊ ငရုပ်သီးစစ်စစ်သုံးပြီး သန့်ရှင်းစွာ နှပ်ထားပါတယ်။ အရသာတွေဟာဆိုရင်လည်း လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်တဲ့ ပုံစံအစုံထုတ်ထားတယ်။ ထုတ်ပိုးမှုပိုင်းမှာဆိုရင်လည်း ခေတ်နဲ့အညီ သေချာပြင်ဆင်ပြီးထုတ်ထားတယ်။ လက်ဆောင်ပေးလို့လည်းအဆင်ပြေတယ်။ Packingup ကျန်းမာရေးရှုထောင့်ကြည့်မယ်ဆိုရင်လည်း ကမ္ဘောဇလက်ဖက်က ကျန်းမာရေးနဲ့ညီညွတ်အောင် စက်ရုံမှာသန့်ရှင်းအောင်ထုတ်တယ်။ FDA ထောက်ခံချက်ရပြီးသားဖြစ်လို့ စားသုံးသူ Customer တွေအတွက်ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်။ ဈေးနှုန်းကလည်း သင့်တင့်တဲ့အတွက် ကျွန်မဆိုင်မှာ ကမ္ဘောဇလက်ဖက်ကို ယုံကြည်စိတ်ချစွာ တင်ရောင်ပေးတာပါ။ Customer တွေအနေနဲ့လည်း အားပေးကြလို့ ရွေးချယ်သင့်တဲ့ လက်ဖက်တံဆိပ်တစ်ခု ဖြစ်ပါတယ်။