Home Button ပြန်ပါလာမည့် IPhone 9

0
318

iPhone တွေမှ Home Button ပါတဲ့ဖုန်းကို နောက်ဆုံးထုတ်ခဲ့တာက တော့ iPhone 8 မှာပါ။ iPhone 8 နောက်ပိုင်းဖုန်းတွေမှာတော့ Home Button ကို ဖျောက်ပြီး Notch ပါတဲ့ full screen ဒီဇိုင်းကို ပြောင်းလဲပြီး ထုတ်လာခဲ့ပါတယ်။ အခု ၂၀၂၀ အတွက်တော့ လာမယ့် iPhone 9 မှာတော့ Home Button ပြန်ပါလာမယ်လို့ သိရပါတယ်။

Apple ကုမ္ပဏီက အခုလက်ရှိမှာ iPhone SE 2 နဲ့ iPhone 9 တို့ကို ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Bloombergu သတင်းတစ်ခုက ဆိုပါတယ်။ ဖြစ်နိုင်ချေရှိတာ တစ်ခုကတော့ iPhone SE 2 ကို iPhone 9 လို့ နာမည်ပြောင်းပြီး မိတ်ဆက်နိုင်ချေလည်း ရှိပါတယ်။

ပထမဆုံး iPhone SE ကို ၂၀၁၆ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး Apple ရဲ့ ပထမဆုံး တန်ဖိုးနည်းဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

iPhone 9 ရဲ့ ခန့်မှန်းပုံစံကတော့ မျက်နှာပြင်မှာ ၄.၇ လက်မရှိတယ်လို့ပြောဆိုနေကြပြီး ၅.၄ လက်မလည်း ရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။ Touch ID Home Button ပါလာနိုင်သလို Face ID ကိုလည်း အသုံးပြုသွားမယ်လို့ သတင်းထွက်နေပါတယ်။ တိကျသေချာတဲ့ သတင်းထုတ်ပြန်မှုတွေ Apple ဘက်က မထုတ်ပြန်သေးပေမယ့် လာမယ့် iPhone 9 ဟာ iPhone 8 ကို အခြေခံပြီး တည်ဆောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

iPhone 9 ကို ထုတ်ပြန်မယ့် ရက်ဟာ သတ်မှတ်ထားတာထက် နောက်ကျပြီးမှ လာနိုင်ချေလည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်တွင်းမှာရှိတဲ့ iPhone ထုတ်လုပ်ရေးစက်ရုံတွေ ရပ်နားထားရလို့ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here