Huawei Y9s ကို အိန္ဒိယမှာ မကြာခင်ရောင်းချတော့မည်

0
165

Huawei က စွမ်းဆောင်ရည်သင့် Y9s ကို အရင်နှစ်နိုဝင်ဘာလကတည်းက ကြေညာခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အိန္ဒိယ အခွဲတစ်ခုကနေ သူ့ရဲ့တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်မှာ သိပ်မကြာခင်အချိန်အတွင်းမှာပဲ Y9s ကို မိတ်ဆက်သွားတော့မယ်လို့ ကြေငြာထားခဲ့ပါတယ်။ ဘယ်ရက်တွေမှာ ကြေငြာမလဲဆိုတာကိုတော့ အတိအကျမထုတ်ပြန်ခဲ့ပါဘူး။

ဒါပေမယ့် Y9s ရဲ့ နာမည်ကိုတော့ ဖုန်းရောင်းချတဲ့ ဝက်ဘ်ဆိုက်တွေပေါ်မှာ မြင်တွေ့နေရပါပြီ။ Y9s မှာ ၆.၅၉ လက်မ Notch-less Display ထည့်သွင်းထားပြီး Screen-to-body အချိုးကလည်း ၉၁ ရာခိုင်နှုန်းရှိတဲ့အတွက် Full Screen Design က စွဲဆောင်မှုရှိနေပါတယ်။

Kirin 710F , 6GB RAM , 128GB Storage တွေ ပါပါတယ်။ AndroidPie အခြေပြု EMUI 9.1 အထိ ရရှိမှာဖြစ်ပြီး 512GB အထိ ဝင်ဆန့်နိုင်တဲ့ Card စိုက်နိုင်ပါတယ်။ ဆဲလ်ဖီကင်မရာအတွက်လည်း 16MP အထိ ရရှိမယ့် Pop-up ကင်မရာနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP Depth Sensor တွေပါတယ်။ အရောင် သုံးရောင်နဲ့ ရောင်းချသွားမှာဖြစ်ပြီး 4,000mAh Battery ထောက်ပံ့ထားပါတယ်။ ဈေးနှုန်းကတော့ မြန်မာကျပ်ငွေ သုံးသိန်းလောက်ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here