Knowledge Question & Answer

0
228

မေး။ ။ဆီးချိုရောဂါကို ကုသနိုင်မယ့် မျှော်လင့်ချက် မရှိတော့ဘူးလား။

ဖြေ။ ။ ဆီးချိုရောဂါဟာ တကယ်တော့ ဆေးပညာဆိုင်ရာ အခြေအနေများစွာရှိပြီး တူညီတာတစ်ခုပဲရှိပါတယ်။ သွေးထဲက ဂလူကို့စ်လယ်ဘယ်ဟာ မကျန်းမာလောက်တဲ့အထိ မြင့်လာခြင်းမျိုးပါ။ ခန္ဓာကိုယ်က စွမ်းအင်အတွက် သကြားဓာတ်ကို မြန်မြန်ရယူဖို့ လိုတဲ့အခါ အလွန်အမင်းများတဲ့ သကြားဓာတ်ကို ထုတ်ပေးလို့ နှလုံးရောဂါ၊ လေဖြတ် ရောဂါ၊ ကျောက်ကပ်ပျက်စီးတာတို့ ဖြစ်ပွားပြီး အရွယ်မတိုင်ခင်သေဆုံးမယ့် အန္တရာယ်ရှိပါတယ်။ ပုံမှန်အားဖြင့် သွေးထဲက သကြားဓာတ်အဆင့်ဟာ ပန်ကလိယမှတစ်ဆင့် အင်ဆူလင်ကိုထုတ်ပေးပြီး ထိန်းချုပ်ထားပါတယ်။ အင်ဆူလင်ဆိုတာက ဟော်မုန်းတစ်မျိုးဖြစ်ပြီး သွေးထဲက သကြားဓာတ်ကိုစုပ်ယူတဲ့ ဆဲလ်တွေပါ။ ဒီနေရာမှာ ကွဲလွဲတတ်ပြီး ဆီးချိုပုံစံအမျိုးမျိုးဖြစ်သွားပါတယ်။ အင်္ဂလန်မှာဆိုရင် ၁၀ ရာခိုင်နှုန်းသော ဆီးချိုလူနာတွေက ပုံစံတစ် (Type-1) ဆီးချိုသမားတွေဖြစ်ပါတယ်။ ပန်ကလိယက အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေ ဆုံးရှုံးသွားလို့သာ ဒီလိုဖြစ်ရတာပါ။ မသိရသေးတဲ့အချက်က ဒီဆဲလ်တွေကို ခန္ဓာကိုယ်ထဲက ကိုယ်ခံအားစနစ်က တိုက်ခိုက်တာခံရပါတယ်။ ဒါကြောင့် လူနာတွေဟာ အင်ဆူလင်လိုအပ်လာပြီး ဆေးအနေနဲ့ ထိုးပေးနေရတတ်ပါတယ်။ နောက်အတွေ့ရများတဲ့ပုံစံက ၉၀ ရာခိုင်နှုန်းသော ဆီးချိုသမားတွေမှာ တွေ့ရတာက ပုံစံနှစ် (Type-2) ဆီးချိုဖြစ်ပါတယ်။ အဲဒီအဆင့်မှာ ပန်ကရိယထဲက ဆဲလ်တွေက အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းမရှိတော့တာမျိုးပါ။ အင်ဆူလင် တွန်းလှန်နိုင်စွမ်းဟာ သွေးထဲမှာ သကြားဓာတ်အများကြီးဖြစ်စေတာမျိုးပါ။ အင်ဆူလင်လိုပြီးရင်း လိုနေတတ်ပါတယ်။ ဒီကတဆင့် ပန်ကရိယ ပျက်စီးသွားစေပါတယ်။ ဒီပုံစံနှစ်ခုဟာ ဂဏနး် ၊ သကြားဓာတ်များတာစားတာတို့ အထိုင်များတာတို့နဲ့ ဆက်နွယ်တဲ့ နေထိုင်မှုပုံစံလို့ ပြောကြပါတယ်။ ဒီပုံစံ နှစ်ခုလုံးအတွက် ကုထုံးမရှိသေးပေမယ့်၊ ပြင်းထန်တဲ့ ပုံစံတစ် ဆီးချို လူနာကို ပန်ကရိယ အစားထိုးကုသပေးနိုင်ပါတယ်။ အဲ့လိုအစားထိုးကုသပေးရင် ပုံမှန်အားဖြင့် ၅ နှစ်ခန့် အဆင်ပြေတတ်ပါတယ်။ အဲအချိန်မှာ ဆီးချိုရောဂါကင်းရှင်းသွားတယ်လို့ ခဏတော့ ထင်ရတတ်ပါတယ်။ ပန်ကရိယက ပုံမှန်လေး အင်ဆူလင်ကို ဆက်ထုတ်ပေးနေနိုင်လို့ ဖြစ်ပါတယ်။ ဆေးနဲ့ကုသနိုင်မလားဆိုတာကို သုတေသနတွေက အာရုံစိုက်လေ့လာနေကြပါတယ်။ ၂၀၁၈ ခုနှစ် အယ်လ်ဘားမားတက္ကသိုလ်က လေ့လာမှု တစ်ခုမှာ Verapamil ဆိုတဲ့ ဆေးကို တွေ့ရှိခဲ့ပါတယ်။ ဒီဆေးဟာ သွေးတိုးတာအတွက် သုံးတာဖြစ်ပြီး၊ ပုံစံတစ် ဆီးချိုသမားတွေအတွက်လည်း အင်ဆူလင်ထုတ်လုပ်မှုကို ထိန်းပေးနိုင်ပါတယ်။ ဒါပေမယ့် သုတေသနရဲ့ ကနဦးအဆင့်တွေပဲ ရှိနေပါသေးတယ်။ ပုံစံနှစ် ဆီးချိုသမားတွေအတွက်ကတော့ ကျန်းမာစေမယ့် အစားအသောက်ပုံစံပြောင်းလဲတာ၊ ဝိတ်ချတာ၊ လေ့ကျင့်ခန်းတွေမှန်မှန်လုပ်တာတွေက ထိန်းချုပ်ရာမှာ ထိရောက်တဲ့ နည်းတွေဖြစ်နေတာတွေ့ရပါတယ်။

Ref: BBC science

LEAVE A REPLY

Please enter your comment!
Please enter your name here